သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးဖို့ တရုတ်နဲ့ ပြင်သစ်တိုက်တွန်း 


တရုတ်နိုင်ငံ ဘေကျင်းမြို့တော်ရှိ လူထုခန်းမနေရာရှေ့တွင် တရုတ်သမ္မတရှီကျင့်ဖျင် (ဝဲ)နှင့် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်တို့ လက်ဆွဲနှုတ်ဆက်နေစဉ် (ဧပြီ ၆၊ ၂၀၂၃)
တရုတ်နိုင်ငံ ဘေကျင်းမြို့တော်ရှိ လူထုခန်းမနေရာရှေ့တွင် တရုတ်သမ္မတရှီကျင့်ဖျင် (ဝဲ)နှင့် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်တို့ လက်ဆွဲနှုတ်ဆက်နေစဉ် (ဧပြီ ၆၊ ၂၀၂၃)

ယူကရိန်းအခြေအနေ ပိုဆိုး မသွားအောင် ပြင်သစ်နိုင်ငံနဲ့ အတူတွဲလုပ်သွားဖို့ အသင့်ပဲလို့ တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) ကပြောကြားလိုက်ပါတယ်။ ဘေဂျင်းမြို့တော်မှာရောက်နေတဲ့ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန် (Emmanuel Macron) နဲ့ တွေ့ဆုံဆွေးနွေးအပြီး ပူးတွဲပြုလုပ်တဲ့သတင်းစာရှင်းပွဲမှာ တရုတ်သမ္မတက ခုလိုပြောကြားခဲ့တာပါ။

“ပြဿနာပြေလည်တဲ့အထိ ဆွေးနွေးအဖြေရှာရေး တရုတ်ကဆက်လက်တိုက်တွန်းသွားမှာဖြစ်ပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အခြေအနေကို ထိန်းထိန်းသိမ်းသိမ်းလုပ်ကြဖို့နဲ့ အခြေအနေပို ဆိုးမသွားအောင် ရှောင်နိုင်ဖို့ တရုတ်အနေနဲ့ ပြင်သစ်နိုင်ငံနဲ့ အတူလက်တွဲလုပ်သွားဖို့ အသင့်ပဲလို့ တရုတ် သမ္မတရှီကျင့်ဖျင်က ပြောကြားသွားတာဖြစ်ပါတယ်။ ပဋိပက္ခကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းဖို့ တရုတ်အနေနဲ့ ကြီးမားတဲ့ အခန်းကနေပါနိုင်တယ် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်ကလည်းပြောကြားခဲ့ပါတယ်။ ယူကရိန်းမှာ ရေရှည်ငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်နိုင်ဖို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ အမြန်ဆုံးပြန်စဖို့ လိုအပ်တာ မှန်ပေမဲ့ ရုရှားရဲ့ တိုက်ခိုက်မှုကိုခံနေကြရတဲ့ ယူကရိန်းပြည်သူတွေ အလေးမထားရင်တော့ ရေရှည်ငြိမ်းချမ်းရေးရမှာ မဟုတ်ဘူးလို့ ပြင်သစ်သမ္မတက ပြောကြားခဲ့ပါတယ်။

ယူကရိန်းကို စစ်ဝင်တိုက်နေတဲ့ ရှရှားနဲ့ တရုတ်ဆက်ဆံရေးကောင်းမွန်နေသလို ရုရှားကို တရုတ်ကလက်နက်တွေပေးနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေရှိနေချိန်မှာ ပြင်သစ်သမ္မတမက်ခရွန်နဲ့ တရုတ်သမ္မတရှီတို့ ဆွေးနွေးခဲ့ကြတာပါ။ ပြင်သစ်သမ္မတရဲ့ တရုတ်ခရီးစဉ်အတွင်း တရုတ်နဲ့ ပြင်သစ်ကြား ကုန်သွယ်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးအတွက် သဘောတူညီချက်တွေလည်း ၂ ဘက် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen ဟာလည်း တရုတ်နိုင်ငံကို ရောက်နေပြီး ဝန်ကြီးချုပ် Li Qiang နဲ့ ဒီနေ့ အစောပိုင်းက သီးခြားတွေ့ဆုံခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG