{{Zawgyi/Unicode}}
တရုတ်နဲ့ရုရှားက စစ်ရေးမဟာမိတ် ဖန်တီးနေတာမဟုတ်ဘူးလို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ရုရှားနိုင်ငံတော်ပိုင်မီဒီယာနဲ့ အင်တာဗျူးမှာ ပြောပါတယ်။
“စစ်ရေး နည်းပညာနယ်ပယ်မှာတော့ ကျနော်တို့ ပူးပေါင်းဆောင်ရွက်နေကြပါတယ်။ ဖုံးထားတာ မရှိပါဘူး။ အရာရာ မြင်သာပါတယ်။ လျှို့ဝှက်ချက် ဘာမှ မရှိပါဘူး” လို့ တနင်္ဂနွေနေ့က လွှင့်ထုတ်တဲ့အင်တာဗျူးမှာ ပူတင်က ပြောပါတယ်။ သူ နဲ့ တရုတ်သမ္မတရှီကျင့်ဖျင်တို့ဟာ အရာရာ အလွတ်သဘော ဆွေးနွေးခဲ့ကြတယ်လို့ သူက ပြောပါတယ်။
“ကျနော်တို့ အလုပ်သဘော နေ့လည်စာ စားခဲ့ကြပါတယ်။ ပြီးတော့ နောက်တခန်းကို မိတ်ဆွေအဖြစ်ရွှေ့ကြဖို့ တရုတ်သမ္မတကို ကျနော်က ဖိတ်ခေါ်ခဲ့တာပါ။ ဒီမှာ ကျနော့်ရဲ့တိုက်ခန်း ရှိပါတယ်။” လို့ ရုရှားသမ္မတပူတင်က ပြောပါတယ်။
အဲဒီနေရာမှာ နောက်ကျတဲ့အထိ သူနေတတ်ပြီး အလုပ်ကိုလည်း မကြာခဏ အဲဒီတိုက်ခန်းမှာပဲ လုပ်တယ်လို့ ဆိုပါတယ်။ အဲဒီမှာပဲ မကြာခဏ ညအိပ်တတ်တယ်လို့ ဆိုပါတယ်။ တိုက်ခန်းရဲ့မီးလင်းဖိုအနီးမှာ သူတို့ ၂ ယောက် ထိုင်ပြီး လက်ဘက်ရည်သောက်၊ အရာရာကို အလွတ်သဘော ဆွေးနွေးခဲ့ကြတယ်လို့ သမ္မတပူတင်က အင်တာဗျူးမှာ ပြောသွားခဲ့ပါတယ်။
================
{{Unicode}}