သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သိမ်းပိုက်ထားတဲ့ ယူကရိန်းရဲ့ ခရိုင်းမီးယားဒေသကို ရုရှားသမ္မတသွားရောက် 


{{Zawgyi/Unicode}}

ရုရှားသမ္မတဗလာဒီမာပူတင်ဟာ ယူကရိန်းထံကနေသိမ်းပိုက်ထားတဲ့ ပင်လယ်နက်ဒေသ ခရိုင်းမီးယားကို စနေနေ့တုန်းကသွားရောက်ခဲ့ပါတယ်။

ခရိုင်းမီးယားဒသေကိုသိမ်းယူခဲ့တဲ့ ၉ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် သွားရောက်ခဲ့တာဖြစ်ပြီး အနုပညာကျောင်းနဲ့ ကလေးများဂေဟာကို သွားရောက်ခဲ့ပါတယ်။ အခုလိုသွားရောက်တာဟာ နိုင်ငံတကာခုံရုံး ICC ကနေ သူ့ကိုဖမ်းဝရမ်းထုတ်ခဲ့ပြီး နောက်တနေ့မှာဖြစ်ပါတယ်။

သမ္မတပူတင်ကို စစ်ရာဇဝတ်မှုနဲ့စွပ်စွဲထားတာဖြစ်ပြီး ယူကရိန်းကကလေးတွေကို ရုရှားကို အတင်းအဓမ္မ ရွှေ့ပြောင်းခေါ်ဆောင်သွားမှုမှာ တာဝန်ရှိတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ သောကြာနေ့တုန်းက နိုင်ငံတကာရာဇဝတ်မှုခုံရုံးကနေ ဖမ်းဝရမ်းထုတ်ခဲ့တာပါ။

သမ္မတပူတင် ကလေးများဂေဟာကိုသွားရောက်တာဟာ ရှေးဟောင်းဂရိကိုလိုနီနေရာမှာ သမိုင်းအမွေအနှစ် ဥယျာဉ်တခုတည်ဆောက်ဖို့အတွက်ဖြစ်တယ်လို့ ရုရှားအစိုးရသတင်းဌာနက ကြေညာပါတယ်။

၂၀၁၄ ခုနှစ်မှာ ခရိုင်းမီးယားဒေသကို ယူကရိန်းထံကနေ ရုရှားကသိမ်းယူခဲ့တာဖြစ်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းကတော့ တရားမဝင်ဘူးလို့ ပြစ်တင်ရှုတ်ချခဲ့ပါတယ်။ ယူကရိန်းသမ္မတ ဇာလင်းစကီးကတော့ ရိုင်းမီးယားအပါအဝင် ပြီးခဲ့တဲ့နှစ်ထဲက ရုရှားသိမ်းယူထားတဲ့နယ်မြေတွေအကုန်ပြန်ပေးဖို့ တောင်းဆိုထားပါတယ်။
===========

{{Unicode}}







XS
SM
MD
LG