သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းသမ္မတနဲ့ ရုရှားအရေးဆွေးနွေးဖို့ တရုတ်ကို စပိန်တိုက်တွန်း


စပိန်ဝန်ကြီးချုပ် Sanchez နဲ့ တရုတ်သမ္မတ Xi တို့ တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့မှာ တွေ့ဆုံစဉ်။ (မတ်လ ၃၁၊ ၂၀၂၃)
စပိန်ဝန်ကြီးချုပ် Sanchez နဲ့ တရုတ်သမ္မတ Xi တို့ တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့မှာ တွေ့ဆုံစဉ်။ (မတ်လ ၃၁၊ ၂၀၂၃)

{{Zawgyi/Unicode}}

စပိန်ဝန်ကြီးချုပ် ပီဒရိုဆန်းချက်စ်က ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇာလန်းစကီးနဲ့ရုရှား ငြိမ်းချမ်းရေးကိစ္စတွေ့ဆုံဆွေးနွေးဖို့ တရုတ်သမ္မတရှီကျင့်ဖျင်ကို တိုက်တွန်းလိုက်ပါတယ်။ သောကြာနေ့က ဘေဂျင်းမှာ တရုတ်သမ္မတနဲ့ တွေ့ဆုံပြီးနောက် အခုလို တိုက်တွန်းခဲ့တာပါ။ တရုတ်နဲ့ယူကရိန်း ခေါင်းဆောင်နှစ်ဦးမှာ ဘုံတူညီတဲ့သဘောထားတွေ ရှိမယ်လို့ စပိန်ဝန်ကြီးချုပ်က အကြံပြုပါတယ်။

ရုရှားကျူးကျော်စစ်ကို ရုရှားသမ္မတဗလာဒီမီယာပူတင်ရဲ့ “ယူကရိန်းအပေါ် တရားမဝင် ကျူးကျော်ရန်စမှု” အဖြစ်သုံးနှုန်းခဲ့ပြီး ဒီ့အပေါ် စပိန်နဲ့ ဥရောပနိုင်ငံတွေက စိုးရိမ်ပူပန်ကြောင်း ရှီကျင့်ဖျင်ကို ထုတ်ဖော်ပြောဆိုခဲ့တာလို့ စပိန်ဝန်ကြီးချုပ် ဆန်းချက်ဇ်က သတင်းထောက်တွေကို ပြောပါတယ်။

သိပ်မကြာခင်က တရုတ်ခေါင်းဆောင်ဟာ မော်စကို ကို သွားရောက်လည်ပတ်ပြီး ပူတင်နဲ့တွေ့ဆုံခဲ့တဲ့အတွက် ယူကရိန် အရေးမှာ တရုတ်ရဲ့ရပ်တည်ချက် အသေးစိတ်အချက်အလက်တွေကို သူ့အနေနဲ့ အထူးစိတ်ဝင်စားတယ်လို့ ဆန်းချက်ဇ်က ပြောပါတယ်။

ယူကရိန်းသမ္မတဇလန်းစကီးက ချမှတ်ထားတဲ့ ငြိမ်းချမ်းရေးအစီအစဉ် အကြောင်းကို စပိန်ဝန်ကြီးချုပ်က ရှီကျင့်ဖျင်ကိုပြောခဲ့ပြီး ဒါဟာ ယူကရိန်းမှာ တရားမျှတပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးရရှိဖို့ အခြေခံအုတ်မြစ်ချမယ့် အစီအစဉ် ဖြစ်တယ်လို့ ယုံကြည်ကြောင်း ဆိုပါတယ်။

ဒီ အစီအစဉ်နဲ့ပတ်သက်ပြီးဇလန်းစကီးနဲ့ စကားပြောဆွေးနွေးဖို့ ရှီကျင့်ဖျင်ကို စပိန်ဝန်ကြီးချုပ်က တိုက်တွန်းခဲ့တာပါ။

ဆန်းချက်ဇ်ရဲ့ ဒီတရုတ်ခရီးစဉ်ဟာ စပိန်နိုင်ငံရဲ့ ခေါင်းဆောင်အဖြစ်သာမကဘဲ အနောက် စစ်ရေးမဟာမိတ် နေတိုးအဖွဲ့ဝင်၊ ဥရောပသမဂ္ဂအဖွဲ့ဝင်အဖြစ်လည်း အကျုံးဝင်ပါတယ်။ စပိန်ဟာ ဥရောပသမဂ္ဂကောင်စီရဲ့ အလှည့်ကျဥက္ကဋ္ဌရာထူးကို ဇူလိုင်လတွင် တာဝန်ယူမှာ ဖြစ်ပါတယ်။

တရုတ်အနေနဲ့ နျူကလီးယားလက်နက်အသုံးမပြုတာ ဒါမှမဟုတ် ခြိမ်းခြောက်တာမျိုးမလုပ်တာနဲ့ နိုင်ငံတွေရဲ့ နယ်မြေပိုင်နက်တွေကို လေးစားကြောင်း ပြောဆိုတာနဲ့ ပတ်သက်ပြီးလည်း စပိန်ဝန်ကြီးချုပ်က ချီးကျုးစကား ဆိုခဲ့ပါတယ်။ ဒီရပ်တည်ချက်တွေက အရေးပါတယ်လို့ ပြောပါတယ်။

ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဖွန်ဒါလိုင်ယန်ကို နဲ့ ပြင်သစ်သမ္မတ အမ်မန်နျူရယ် မက်ခရွန်တို့နှစ်ဦးဟာ ရှေ့အပတ်ထဲမှာ ဘေဂျင်းမှာ ရှီကျင့်ဖျင်နဲ့ တွေ့ဖို့ ရှိနေပါတယ်။ မက်ခရွန်က တရုတ်ခေါင်းဆောင်နဲ့ တွေ့ဆုံရာမှာ စည်းလုံးညီညွတ်တဲ့ ဥရောပမျက်နှာစာကို ထုတ်ဖော ပြသနိုင်ဖို့ အတွက် ဥရောပသမဂ္ဂ အကြီးအကဲကိုပါ လာမယ့် ခရီးစဉ်မှာ ဖိတ်ကြားထားတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

===============

{{Unicode}}










XS
SM
MD
LG