သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥရောပကော်မရှင်ဥက္ကဌ တရုတ်သမ္မတနဲ့ ယူကရိန်းငြိမ်းချမ်းရေး ဆွေးနွေး


China's President Xi Jinping, his French counterpart Emmanuel Macron and European Commission President Ursula von de Leyen meet in Beijing, Apr. 6, 2023. (Photo by Ludovic Marin/ Pool / AFP)
China's President Xi Jinping, his French counterpart Emmanuel Macron and European Commission President Ursula von de Leyen meet in Beijing, Apr. 6, 2023. (Photo by Ludovic Marin/ Pool / AFP)

ဥရောပကော်မရှင်ဥက္ကဋ္ဌ Ursula Von der Leyen က တရုတ်သမ္မတ Xi Jinping ကို ရုရှားနိုင်ငံကို လက်နက် မထောက်ပံ့ဖို့ သတိပေးခဲ့ပြီး ဘေဂျင်းမှာလုပ်တဲ့ ဆွေးနွေးပွဲမှာ ယူကရိန်းငြိမ်းချမ်းရေးအတွက် ဆွေးနွေးခဲ့ပါတယ်။ Von der Leyen ဟာ ပြင်သစ်သမ္မတ Emmanuel Macron နဲ့အတူ ဒီသတင်းပတ်ထဲမှာ တရုတ်နိုင်ငံကို ရောက်ရှိနေတာပါ။

=== [[ ZAWGYI ]] ===

ဥရောပကော်မရှင်ဥက္ကဌ တရုတ်သမ္မတနဲ့ ယူကရိန်းငြိမ်းချမ်းရေး ဆွေးနွေး

ဥရောပကော်မရှင်ဥက္ကဋ္ဌ Ursula Von der Leyen က တရုတ်သမ္မတ Xi Jinping ကို ရုရှားနိုင်ငံကို လက်နက် မထောက်ပံ့ဖို့ သတိပေးခဲ့ပြီး ကြာသပတေးနေ့က ဘေဂျင်းမှာလုပ်တဲ့ ဆွေးနွေးပွဲမှာ ယူကရိန်းငြိမ်းချမ်းရေးအတွက် ဆွေးနွေးခဲ့ပါတယ်။

စည်းလုံးညီညွတ်တဲ့ ဥရောပ မျက်နှာစာကို ထုတ်ဖော်ပြသနိုင်ဖို့အတွက် Von der Leyen ဟာ ပြင်သစ်သမ္မတ Emmanuel Macron နဲ့အတူ ဒီသတင်းပတ်ထဲမှာ တရုတ်နိုင်ငံကို ရောက်ရှိနေတာပါ။

Xi နဲ့ တွေ့ဆုံရာမှာ ငြိမ်းချမ်းရေးအတွက် ယူကရိန်း သမ္မတ Volodymyr Zelenskyy နဲ့ စကားပြောဖို့ ဖွန်ဒါလိုင်ယန်က ပြောခဲ့ပြီး Xi ကလည်း အခြေအနေအချိန်အခါ သင့်လျော်တဲ့အချိန်ကျရင် စကားပြောဖို့ ဆန္ဒရှိတယ်လို့ ပြန်ဖြေကြောင်း Xi နဲ့ နှစ်ယောက်ချင်း တွေ့အပြီး သတင်းစာရှင်းလင်းပွဲမှာ Von der Leyen က ပြောပါတယ်။

အရင်အပတ်က တရုတ်နိုင်ငံငံကို အလည်အပတ်ရောက်ခဲ့တဲ့ စပိန်ဝန်ကြီးချုပ် Pedro Sanchez ကလည်း Xi နဲ့ အလားတူ ဆွေးနွေးခဲ့ပြီး အဲ့တုန်းကလည်း Xi ဘက်က ဒီစိတ်ကူးကို စိတ်ဝင်စားတယ်လို့ ဆိုပါတယ်။

အခုထပ်ပြီး Xi ရဲ့ ထပ်လောင်းပြောဆိုချက်က အပြုသဘောဆောင်တဲ့ လက္ခဏာအဖြစ် ရှုမြင်တယ်လို့ Von der Leyen က ပြောပါတယ်။ ဒါပေမယ့် ရုရှားကို စစ်လက်နက်ပစ္စည်းတွေ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်တဲ့နည်းနဲ့ ပေးအပ်တာမျိုး မလုပ်ဖို့လည်း တရုတ်နိုင်ငံကို သတိပေးခဲ့ပြီး ဒါဟာ နိုင်ငံတကာဥပဒေကို ဆန့်ကျင်တဲ့အပြင် ဥရောပသမဂ္ဂနဲ့ ဆက်ဆံရေး သိသိသာသာ ထိခိုက်စေမယ်လို့ Von der Leyen က Xi ကို သတိပေးခဲ့ပါတယ်။

Von der Leyen က ထိုင်ဝမ်အရေးနဲ့ ပတ်သက်ပြီးလည်း ဆွေးနွေးခဲ့တာမှာ ထိုင်ဝမ်ရေလက်ကြား တည်ငြိမ်ရေးက အရေးကြီးဆုံးဖြစ်ပြီး ဘယ်နိုင်ငံကမှာ ဒေသတွင်းမှာ လက်ရှိအနေအထားကို အင်အားသုံးပြီး တဖက်သတ် မပြောင်းလဲသင့်ဘူးလို့ ဥရောပကော်မရှင်ဥက္ကဋ္ဌက ပြောပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ တရုတ်နိုင်ငံက လူ့အခွင့်အရေးအခြေအနေ အထူးသဖြင့် ဝီဂါ လူမျိုးတွေအပေါ် တရုတ်အစိုးရရဲ့ လုပ်ဆောင်ပုံတွေကို “အလွန်စိုးရိမ်ပူပန်” ကြောင်း Von der Leyen က ပြောပါတယ်။ အီးယူနဲ့ တရုတ် ကြား လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲ ပြန်လည် စတင်တာကို ကြိုဆိုကြောင်းလည်း ပြောပါတယ်။

သတင်းစာရှင်းလင်းပွဲ အပြီးမှာ Von der Leyen ဟာ ပြင်သစ်သမ္မတ Emmanuel Macron နဲ့အတူ Xi Jinping ကို သုံးပွဲဆိုင်တွေ့ဆုံခဲ့ပြီး အဲဒီမှာ မက်ခရွန်က ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ် အဆုံးသတ်ရေး တရုတ်အနေနဲ့ သူ့ရဲ့ သြဇာကို အသုံးချဖို့ ထပ်မံ တောင်းဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

=== {{ UNICODE }} ===










XS
SM
MD
LG