သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်-အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးနှစ်ဦး နယူးဒေလီမှာ တွေ့ဆုံဆွေးနွေး 


တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နဲ့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး S. Jaishankar တို့ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တော်မှာ တွေ့ဆုံကြစဉ်။ (မတ်လ ၂၅၊ ၂၀၂၂)  
တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နဲ့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး S. Jaishankar တို့ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တော်မှာ တွေ့ဆုံကြစဉ်။ (မတ်လ ၂၅၊ ၂၀၂၂)  

[[Zawgyi/Unicode]]

တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နဲ့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Subrahmanyam Jaishankar တို့ နယူးဒေလီမြို့တော်မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးကြပါတယ်။

၂၀၂၀ ခုနှစ် နှစ်နိုင်ငံနယ်ခြားပဋိပက္ခ ဖြစ်ပွားပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အိမ်နီးချင်းနှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံတာပါ။ နယ်ခြားအငြင်းပွားမှု ပဋိပက္ခဟာ နှစ်နိုင်ငံဆက်ဆံရေးကောင်းမွန်ဖို့အတွက် အဓိက အဟန့်အတားဖြစ်စေတယ်ဆိုတာ အိန္ဒိယဘက်က ပြောဆိုပါတယ်။ ၂၀၂၀ ခုနှစ် မေလက နှစ်နိုင်ငံနယ်ခြား အငြင်းပွားရာကနေ ထောင်သောင်းချီတဲ့ တပ်တွေ အပြန်အလှန် စေလွှတ်ခဲ့ပြီး ပစ်ခတ်မှုတချို့လည်း ဖြစ်ပွားခဲ့သလို တပ်ဖွဲ့ဝင်တချို့ ထိခိုက်သေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။

၉ လကြာ တင်းမာမှုတွေ အဆုံးသတ်ပြီး နှစ်နိုင်ငံ ညှိနှိုင်းဆွေးနွေးခဲ့ပေမယ့် ဆက်ဆံရေး ပုံမှန်ပြန်မဖြစ်သေးပါဘူး။ ဒါကြောင့် လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီး အိန္ဒိယနိုင်ငံသွားရောက်တဲ့ ခရီးစဉ်ကို ဒေသတွင်းအကဲခတ်တွေ အံအားသင့်နေကြပါ တယ်။ အိန္ဒိယနိုင်ငံအပြင် ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်နိုင်ငံတွေကိုလည်း ဝန်ကြီး Wang Yi သွားခဲ့ပါတယ်။

တောင်အာရှဒေသ ခရီးစဉ်အတွင်း အိန္ဒိယနိုင်ငံကနေ နီပေါလ်ကို ခရီးဆက်ဖို့ရှိပါတယ်။

ပါကစ္စတန်နိုင်ငံကို သွားရောက်တဲ့ခရီးစဉ်အတွင်း အိန္ဒိယနဲ့အငြင်းပွားနေတဲ့ ကက်ရှ် မီး ယားအရေး မှတ်ချက်ပေး ပြောဆိုခဲ့တာ ကြောင့် အိန္ဒိယအစိုးရက ဝန်ကြီး Wang Yi ကို ဝေဖန်ခဲ့ပါတယ်။ ကက်ရှ်မီးယားဒေသကို အိန္ဒိယနဲ့ ပါကစ္စတန် နှစ်နိုင်ငံ ခွဲဝေ အုပ်ချုပ်နေပေမယ့် ဒေသတခုလုံးကို ပိုင်ဆိုင်တယ်လို့ နှစ်ဘက်စလုံးကပြောနေပြီး တရုတ်နိုင်ငံကတော့ သူ့ရဲ့ အဓိကမဟာမိတ် ပါကစ္စတန်ဘက်က ယေဘုယျအားဖြင့် ထောက်ခံ ရပ်တည်နေပါတယ်။

တိုက်ရိုက် လင့်ခ်

===============

[[Unicode]]







===============

XS
SM
MD
LG