သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Nevada ပြည်နယ်၊ ပါတီတွင်းရွေးကောက်ပွဲမှာ သမ္မတဟောင်း Trump အနိုင်ရ


Nevada ပြည်နယ် ပါတီတွင်းမဲဆွယ်ပွဲမှာတွေ့ရတဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့် (ဖေဖော်ဝါရီ ၈၊ ၂၀၂၄)
Nevada ပြည်နယ် ပါတီတွင်းမဲဆွယ်ပွဲမှာတွေ့ရတဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့် (ဖေဖော်ဝါရီ ၈၊ ၂၀၂၄)

အမေရိကန်ပြည်ထောင်စု Nevada ပြည်နယ်မှာ ကြာသပတေးနေ့က ရီပတ်ဘလစ်ကန် ပါတီတွင်း ကျင်းပတဲ့ caucus သမ္မတလောင်းရွေးပွဲမှာ သမ္မတဟောင်း Donald Trump က တဦးတည်း ပြိုင်ဘက်မရှိ အနိုင်ရလိုက်ပါတယ်။ ပြည်နယ်အလိုက် ပါတီတွင်း သမ္မတလောင်း ရွေးချယ်ပွဲတွေမှာ Trump က ပြည်နယ် ၃ ခုမှာ ဆက်တိုက် အနိုင်ရ သွားတာပါ။

ရီပတ်ဘလစ်ကန်ပါတီရဲ့ သမ္မတလောင်း ဖြစ်လာဖို့အတွက် သူရဲ့ တဦးတည်းသော အဓိက ပြိုင်ဘက်ဖြစ်တဲ့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်း Nikki Haley က ပါတီတွင်းTrump အပေါ် ဘက်လိုက်မှုတွေ ရှိနေတာကြောင့် Nevada ပြည်နယ် caucus ဟာ မျှတမှုမရှိဘူးလို့ ဆိုပြီး ဒီပွဲမှာ ဝင်မပြိုင်ခဲ့တာကြောင့် Trump ပဲ အနိုင်ရလိုက်တာပါ။ အင်္ဂါနေ့က ကျင်းပခဲ့တဲ့ ပြည်နယ် သမ္မတလောင်း ပဏာမ ရွေးချယ်ပွဲမှာ Nikki Haley ဝင်ပြိုင်ခဲ့ပြီး အဲ့ဒီပွဲမှာလည်း မဲဆန္ဒရှင်တွေက ဘယ်သူ့ကိုမှ မရွေးတဲ့ မဲကို ပေးခဲ့လို့ Nikki Haley အနိုင်မရခဲ့ပါဘူး။

နီဗားဒါး ပြည်နယ်မှာ ပါတီကိုယ်စားပြု မဲပေးရတဲ့ ကိုယ်စားလှယ် ၂၆ ယောက်ရှိတာမှာ အများစုကို Trump ကပဲ အနိုင်ရနိုင်ချေ ရှိနေပါတယ်။ သူ့အနေနဲ့ ပါတီ ကိုယ်စားပြု သမ္မတလောင်း ဖြစ်လာဖို့မှာတော့ ပါတီ ကိုယ်စားလှယ်ပေါင်း ၁,၂၁၅ ဦးရဲ့ ထောက်ခံမဲ လိုအပ်ပါတယ်။ (လက်ရှိအချိန်ထိကတော့ ရီပတ်ဘလစ်ကန် ပါတီတွင်း သမ္မတလောင်း ရွေးကောက်ပွဲတွေမှာ Trump က ရှေ့ဆုံးက အသာစီးရနေတာ ဖြစ်ပါတယ်။ လူထုစစ်တမ်းတွေအရ လည်း သမ္မတဟောင်း Donald Trump အပေါ် ပါတီတွင်း ထောက်ခံမှုက ရှေ့မှာ အပြတ်အသတ် ရှိနေပြီး Nikki Haley ကို ဆက်မပြိုင်တော့ဖို့ တောင်းဆိုတဲ့ ရီပတ်ဘလစ်ကန် ပါတီဝင်တွေလည်း ပိုများလာနိုင်ခြေရှိ နေပါတယ်။

Nikki Haley ကတော့ ပြည်နယ် ၁၆ ပြည်နယ်မှာ ရွေးကောက်ပွဲတွေ တရက်တည်း ကျင်းပမယ့် Super Tuesday လို့ခေါ်တဲ့ မတ်လ ၅ ရက် အင်္ဂါနေ့ ပါတီတွင်း ပဏာမ ရွေးကောက်ပွဲတွေ ကျင်းပတဲ့အထိ သူ ဆက်ပြိုင်ဦးမယ်လို့ ပြောဆိုနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG