သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲပယ်ဖျက်ဖို့ကြံစည်မှုစွဲချက် Trump ကင်းလွတ်ခွင့်မရဟု အယူခံတရားရုံးဆုံးဖြတ် 


နယူးယောက်မြို့က တရားရုံးချုပ်မှာ အမှုရင်ဆိုင်နေတဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့် (ဒီဇင်ဘာ ၇၊ ၂၀၂၃)
နယူးယောက်မြို့က တရားရုံးချုပ်မှာ အမှုရင်ဆိုင်နေတဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့် (ဒီဇင်ဘာ ၇၊ ၂၀၂၃)

သမ္မတဖြစ်တာကြောင့် ၂၀၂၀ ရွေးကောက်ပွဲကို ဥပဒေမဲ့ပယ်ဖျက်ဖို့ ကြံစည်ခဲ့တယ်ဆိုတဲ့ စွဲဆိုခြင်းကနေ မစ္စတာထရမ့်မှာ ကင်းလွတ်ခွင့်မရှိဘူးလို့ ဝါရှင်တန် အယူခံတရားရုံးက အင်္ဂါနေ့မှာ တညီတညွတ်တည်း ဆုံးဖြတ်လိုက်ပါတယ်။

သမ္မတအဖြစ် တာဝန်ရှိစဥ် နောက်ဆုံးရက်တွေမှာလုပ်ခဲ့တာကြောင့် သမ္မတတယောက်ရဲ့ တာဝန်ဝတ္တရားတွေနဲ့ ဆက်စပ်နေပြီး သမ္မတကိုတရားစွဲဆိုလို့ မရတဲ့အတွက် ဒီအမှုကိုစွဲဆိုမရကြောင်း မစ္စတာထရမ့်နဲ့ သူ့ရှေ့နေတွေက လျှောက်ထားခဲ့ကြတာပါ။

တရားရုံးမှာ တရားသူကြီးသုံးယောက်ထိုင်ပြီး သုံးမဲ-သုညမဲနဲ့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ သမ္မတဟောင်း မစ္စတာထရမ့်ဟာ သာမန်နိုင်ငံသားတယောက်ဖြစ်လာပြီး အခြားသော ရာဇဝတ်ကြောင်းအရ စွဲဆိုခံရသူအားလုံး ခုခံသလို ခုခံရမှာဖြစ်တယ်လို့ တရားရုံးက ဆိုပါတယ်။ ရွေးကောက်ပွဲကို လွှတ်တော်ကအတည်ပြုရာမှာ ဖီလာကန့်လန့်လုပ်ဖို့ ဒုတိယသမ္မတအပြင် ပြည်နယ် ရွေးကောက်ပွဲတာဝန်ရှိသူတွေနဲ့ တရားရေးဌာနကို ဖိအားပေးခဲ့ပြီး မဲမသမာမှု ရှိတယ်လို့ မှားယွင်းစွာ ပြောဆိုခဲ့ကြောင်း အစိုးရအထူးရှေ့နေ မစ္စတာ ဂျက်စမစ် က မစ္စတာထရမ့်ကို တရားစွဲဆိုခဲ့တာပါ။

သမ္မတဟောင်း ထရမ့်ဟာ စွဲဆိုချက်ပေါင်း ၉၁ ခုနဲ့ ဒီအမှုအပြင် အခြား ရာဇဝတ်မှု ၃ မှုကိုလည်း ရင်ဆိုင်နေရပါတယ်။ "အမှားမလုပ်ခဲ့ဘူး" လို့ မစ္စတာ ထရမ့်ကတော့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG