သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရီပတ်ဘလစ်ကန်ပါတီ သမ္မတလောင်း ပဏာမရွေးပွဲ ထရမ့် အနိုင်ရ


သမ္မတဟောင်း Donald Trump
သမ္မတဟောင်း Donald Trump

အမေရိကန်ပြည်ထောင်စု အိုင်အိုဝါပြည်နယ်မှာ တနင်္လာနေ့ည ကျင်းပတဲ့ ရီပတ်ဘလစ်ကန် ပါတီတွင်း သမ္မတလောင်း ပဏာမ ရွေးချယ်ပွဲတွေမှာ သမ္မတဟောင်း Donald Trump အနိုင်ရသွားပါတယ်။ လာမဲ့ နိုဝင်ဘာ သမ္မတ ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန် ပါတီ ကိုယ်စားပြု သမ္မတအဖြစ် လက်ရှိ သမ္မတ Joe Biden ကို ယှဉ်ပြိုင်ဖို့ ပြည်နယ်အလိုက် ပါတီကိုယ်စားပြု သမ္မတလောင်းကို အိုင်အိုဝါပြည်နယ်မှာ ပထမဆုံး အဆိုပြု ရွေးချယ်တာပါ။

ရီပတ်ဘလစ်ကန်ပါတီဝင် မဲအားလုံးရဲ့ ၅၁ ရာခိုင်နှုန်းကျော်ကို သမ္မဟောင်း Donald Trump က ရခဲ့ပြီး၊ ဖလော်ရီဒါပြည်နယ် အုပ်ချုပ်ရေးမှုး Ron DeSantis က ထောက်ခံမဲတွေရဲ့ ၂၁ ရာခိုင်နှုန်းနဲ့ ဒုတိယနေရာကို ရပါတယ်။ တောင်ကာရိုလိုင်းနားပြည်နယ် အုပ်ချုပ်ရေးမှုး Nikki Haley က ၁၉ ရာခိုင်နှုန်းနဲ့ နောက်က ကပ်နေပါတယ်။

သူ့အတွက် ထူးခြား ကောင်းမွန်တဲ့ အတွေအကြုံတခုလို့ အိုင်အိုဝါပြည်နယ် Des Moines မြို့မှာ ကျင်းပတဲ့ ထောက်ခံသူတွေနဲ့ တွေ့ဆုံပွဲမှာ Donald Trump က ပြောဆိုသွားပါတယ်။ ၁၂ ရာခိုင်နှုန်းလောက် မဲရပြီး နိုင်ရင်တောင် အကြီးအကျယ်နိုင်တယ်လို့ ပြောရမယ့်အချိန်မှာ ဒီထက် နှစ်ဆကျော်ထောက်ခံမဲတွေ သူ ရခဲ့တာလို့ သူက ဂုဏ်ယူပြောဆိုသွားပါတယ်။

ရီပတ်ဘလစ်ကန်ပါတီ ကိုယ်စားပြု သမ္မတ အဖြစ် ရွေးချယ်ခံရဖို့ နိုင်ငံတဝှမ်း ကိုယ်စားလှယ်ဦးရေ ၂၄၀၀ ကျော်ထဲက အများစု ၁၂၁၅ ယောက်လိုအပ်ပြီး ပြည်နယ်အလိုက် အနိုင်ရတဲ့ အရေအတွက်နဲ့ လာမယ့် ဂျုလိုင်လ နိုင်ငံလုံးဆိုင်ရာ ညီလာခံမှာ ဆုံးဖြတ်မှာပါ။ မနေ့ညက မဲအရေအတွက်အရ အိုင်အိုဝါပြည်နယ်မှာ Donald Trump က ကိုယ်စားလှယ် ၂၀ ရရှိပြီး၊ DeSantis က ကိုယ်စားလှယ် ၈ ဦး၊ Nikki Haley က ၇ ဦး ရရှိသွား ပါတယ်။

XS
SM
MD
LG