သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုင်အိုဝါ ပါတီတွင်း သမ္မတလောင်းရွေးပွဲ Donald Trump ဦးဆောင်


Former U.S. President and Republican presidential candidate Donald Trump campaigns, in Indianola
Former U.S. President and Republican presidential candidate Donald Trump campaigns, in Indianola

အမေရိကန်ပြည်ထောင်စု အိုင်အိုဝါပြည်နယ်မှာကျင်းပတဲ့ ရီပတ်ဘလစ်ကန် ပါတီတွင်း သမ္မတလောင်း ပဏာမရွေးချယ်ပွဲတွေမှာ သမ္မတဟောင်း Donald Trump ပဲ အပြတ်အသတ်အနိုင်ရမယ်လို့ ကနဦးထွက်လာတဲ့ မဲစာရင်းကို အခြေခံတဲ့ လူထု စစ်တမ်းကောက်ခံရေး အဖွဲ့တွေရဲ့ ခန့်မှန်းချက်တွေမှာ ဖေါ်ပြပါတယ်။

ဆီးနှင်းတွေ ထူထူထပ်ထပ်ကျပြီး အေးခဲနေတဲ့ရာသီဦတုကြားကပဲ တနင်္လာနေ့ ၂၀၂၄ ခုနှစ်အတွက် ပထမဆုံး ရီပတ်ဘစ်ကန်ပါတီ ပါတီတွင်း သမ္မတလောင်း အဆိုပြုမယ့် ရွေးချယ်ပွဲတွေကျင်းပခဲ့တာပါ။ Trump ဟာ နိုဝင်ဘာရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်ပါတီကိုယ်စားပြု သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်နိုင်ရေး ကြိုးပမ်းနေတာပါ။ အခုတကြိမ်နဲ့ဆို အိုဝါပြည်နယ်ပါတီတွင်း သမ္မတလောင်းရွေးချယ်ပွဲမှာ သုံးကြိမ်ဆက်တိုက် အနိုင်ရမှာဖြစ်တယ်လို့လည်း Edison သုသေသနအဖွဲ့က ပြောပါတယ်။

Des Moines Register ၊ NBC သတင်းဌာနနဲ့ Mediacom စစ်တမ်းကောက်ခံရေးအဖွဲ့တွေ ဒီသီတင်းပတ်ကုန် နောက်ဆုံးထုတ်ပြန်တဲ့ စစ်တမ်းတွေအရလည်း အိုင်အိုဝါပြည်နယ်အတွင်း Donald Trump အပေါ် ပါတီတွင်း ထောက်ခံမှု ၄၈ ရာခိုင်နှုန်း ရှိနေပါတယ်။ ဒါကြောင့်လည်း ပြည်နယ်အတွင်း ပါတီကိုယ်စားပြု သမ္မတလောင်းရွေးမယ့် ကျောင်းတွေ၊ မီးသတ်နဲ့ တခြားအများစုဝေးနိုင်တဲ့ နေရာ ၁,၆၀၀ ကျော်ကို ရီပတ်ဘလစ်ကန်ပါတီဝင်တွေသွားပြီး Trump ကို ထောက်ခံကြမယ်လို့ မျှော်လင့်ထားကြပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟောင်း Nikki Haley အပေါ် အိုင်အိုဝါပြည်နယ် ပါတီတွင်းထောက်ခံမှု ၂၀ ရာခိုင်နှုန်းရှိပြီး ဖလော်ရီဒါပြည်နယ် အုပ်ချုပ်ရေးမှုး Ron DeSantis က လူထုထောက်ခံမှု ၁၆ ရာခိုင်နှုန်းရှိတယ်လို့လည်း စစ်တမ်းတွေမှာ ဖေါ်ပြပါတယ်။ စွန့်ဦးစီးပွားရေးလုပ်ငန်းရှင် Vivek Ramaswamy အပေါ်မှာတော့ လူထုထောက်ခံမှု ထောက်ခံမှု ၈ ရာခိုင်နှုန်းရှိပါတယ်။

XS
SM
MD
LG