သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲရလဒ်ဆိုင်ရာ စွပ်စွဲမှုတွေ သမ္မတဟောင်းထရမ့် ရင်ဆိုင်


အမေရိကန်သမ္မဟောင်းထရမ့် ဝါရှင်တန်ဒီစီမြို့တော်က ဖယ်ဒရယ်တရားရုံးမှာ အမှုကြားနာပြီးနောက် လေဆိပ်ကပြန်လည်ထွက်ခွာနေစဉ် (သြဂုတ် ၃၊ ၂၀၂၃)
အမေရိကန်သမ္မဟောင်းထရမ့် ဝါရှင်တန်ဒီစီမြို့တော်က ဖယ်ဒရယ်တရားရုံးမှာ အမှုကြားနာပြီးနောက် လေဆိပ်ကပြန်လည်ထွက်ခွာနေစဉ် (သြဂုတ် ၃၊ ၂၀၂၃)

၂၀၂၀ အမေရိကန်ရွေးကောက်ပွဲမှာ သူရှုံးနိမ့်ခဲ့တဲ့ ရလဒ်ကို ပြောင်းလဲဖို့ကြိုးစားတဲ့ ရာဇဝတ်မှု ၄ မှုနဲ့ တရားစွဲခံရတဲ့ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က အမှုတွေအတွက် အပြစ်မရှိဘူးလို့ ဖယ်ဒရယ်တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။

အစိုးရလုပ်ငန်းတွေကို နှောင့်ယှက်ဖို့ ပူးပေါင်းကြံစည်မှု၊ တရားဝင်လုပ်ငန်းတွေကို နှောင့်ယှက်မှု၊ နှောင့်ယှက်ဖို့ ပူးပေါင်းကြံစည်မှု၊ လုပ်ပိုင်ခွင့်ကို နှောင့်ယှက်ဖို့ ပူးပေါင်းကြံစည်မှု စတဲ့ အမှု ၄ မှုနဲ့ အစိုးရရှေ့နေတွေက ဝါရှင်တန်မြို့တော်မှာရှိတဲ့ ဖယ်ဒရယ်တရားရုံးမှာ တရားစွဲခဲ့တာဖြစ်ပါတယ်။

တရားရေးဌာနက ခန့်အပ်ထားတဲ့ အထူးစုံစမ်းရေးမှူးရဲ့ စုံစမ်းတွေ့ရှိချက်တွေအရ အမှုဖွင့်သင့်မသင့် ဆုံးဖြတ်တဲ့ Grand Jury အဖွဲ့က တရားစွဲသင့်တယ်လို့ ဆုံးဖြတ်တဲ့အတွက် ခုလို အမှု ၄ ခုနဲ့ သမ္မတဟောင်း Trump အပေါ် ကြာသပတေးနေ့က စွဲချက်တင်လိုက်တာပါ။ တရားရုံးကြားနာပွဲမှာ ထုံးစံအတိုင်းမေးတဲ့ မေးခွန်းတွေကိုသာ ထရမ့်က ဖြေကြားခဲ့တယ်လို့ တရားရုံးထဲမှာ ရှိနေသူတွေက ပြောပါတယ်။ တရားရုံးကြားနာပွဲအပြီး ဝါရှင်တန်မြို့တော်ကနေ ပြန်လည်ထွက်ခွာချိန်မှာတော့ သမ္မတဟောင်းထရမ့်က နိုင်ငံရေးပြိုင်ဘက်တယောက်ကို နိုင်ငံရေးဖိနှိပ်တဲ့လုပ်ရပ်ဖြစ်တယ်လို့ လေဆိပ်မှာ ဖော်ပြပြောဆိုခဲ့ပါတယ်။

ထရမ့်ဟာ လာမယ့် ၂၀၂၄ ခုနှစ်ရွေးကောက်ပွဲမှာ သမ္မတလောင်းအဖြစ် ဝင်ပြိုင်ဖို့ ပြင်ဆင်နေတာပါ။ လက်ရှိသမ္မတ ဘိုင်ဒန်ကလည်း Democratic ပါတီကနေ သမ္မတဝင်အရွေးခံဖို့ စည်းရုံးမဲဆွယ်မှုတွေကို လုပ်နေတာဖြစ်ပါတယ်။ အခုအမှုမှာ အဓိက သက်သေတဦးဖြစ်လာနိုင်တဲ့ ဒုသမ္မတဟောင်းမိုက်ပန့်စ်ကတော့ “ရွေးကောက်ပွဲရလဒ်တွေကို ပြောင်းလဲခွင့်မရှိဘူးဆိုတာ အမေရိကန်ပြည်သူတွေကို သိစေချင်ကြောင်းနဲ့၊ သမ္မတဟောင်းထရမ့်က ဖွဲ့စည်းပုံကို ကျော်ပြီး သူ့ကို ရွေးခိုင်းပေမဲ့၊ သူကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုပဲ ရွေးခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ရွေးကောက်ပွဲရလာဒ်ကို ပြောင်းလဲဖို့ ကြိုးစားတဲ့အမှုတွေအပြင်၊ အစိုးရလျှို့ဝှက်စာရွက် စာတမ်းတွေကို စည်းကမ်းအတိုင်း ကိုင်တွယ်သိမ်းဆည်းမှု မလုပ်ခဲ့တဲ့ အမှုတွေနဲ့ လိင်ဖျော်ဖြေရေးတင်ဆက်သူ အမျိုးသမီးကို နှုတ်ပိတ်ငွေပေးခဲ့တယ်ဆိုတဲ့စွပ်စွဲချက်တွေအတွက်လည်း ရာဇဝတ်မှုတွေနဲ့ သမ္မတဟောင်းထရမ့် ရင်ဆိုင်နေရပါတယ်။

ရွေးကောက်ပွဲရလဒ်ဆိုင်ရာ စွပ်စွဲမှုတွေ သမ္မတဟောင်းထရမ့် ရင်ဆိုင်
please wait

No media source currently available

0:00 0:01:28 0:00
တိုက်ရိုက် လင့်ခ်

ရွေးကောက်ပွဲရလဒ်ဆိုင်ရာ စွပ်စွဲမှုတွေ သမ္မတဟောင်းထရမ့် ရင်ဆိုင်
please wait

No media source currently available

0:00 0:03:54 0:00

XS
SM
MD
LG