သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Donald Trump အမှုများ သဘောထားမတူနိုင်တဲ့ဂျူရီအဖွဲ့နှစ်ဖွဲ့ရှိနေ 


ရီပတ်ဘလီကင်ပါတီသမ္မကိုယ်စားလှယ်လောင်းနဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်ပ် လူထုစုဝေးပွဲတခုကို တက်ရောက်စဥ် (ဇူလိုင် ၂၉၊ ၂၀၂၃)
ရီပတ်ဘလီကင်ပါတီသမ္မကိုယ်စားလှယ်လောင်းနဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်ပ် လူထုစုဝေးပွဲတခုကို တက်ရောက်စဥ် (ဇူလိုင် ၂၉၊ ၂၀၂၃)

သမ္မတဟောင်း Donald Trump ဟာ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ပြောင်းသွားအောင် တရားမဝင်ကြိုးပမ်းမှုနဲ့ နိုင်ငံတော်လျှို့ဝှက်မှတ်တမ်းတွေမလွှဲဘဲ ထိန်းထားမှု စွဲချက်တွေအတွက် သူ့အပေါ်သဘောထားမတူကြတဲ့ ဂျူရီအဖွဲ့နှစ်ဖွဲ့နဲ့ တရားသူကြီးတွေကို ရင်ဆိုင်ရဖို့ရှိပါတယ်။

တရားရေးဌာနအထူးစုံစမ်းရေးမှူး Jack Smite က ဝါရှင်တန်ဒီစီမှာ စွဲဆိုထားတဲ့အမှုကိုတော့ အခု ကြာသာပတေးနေ့လယ်ပိုင်းမှာ ပထမဆုံး တရားရုံးကြားနာစစ်ဆေးခံရဖို့ရှိပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲဖို့ကြိုးစားတယ်ဆိုတဲ့ စွဲချက်နဲ့ ရာဇဝတ်မှု (၄) မှုကို ဖယ်ဒရယ်တရားရုံး ဂျူရီအဖွဲ့တဖွဲ့ ကြားနာစစ်ဆေးပါလိမ့်မယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ သူရှုံးနိမ့်တယ်ဆိုတာကို သိသိနဲ့ အာဏာဆက်ယူဖို့ ကြိုးပမ်းတာ၊ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက်မှာ အမေရိကန်လွှတ်တော်ကို သူ့ထောက်ခံသူတွေက ဝင်ရောက်စီးနင်းတိုက်ခိုက်မှုမှာ အကူအညီပေးတာတွေနဲ့ ဆက်နွယ်ပြီး စွဲချက်တွေတင်ခံထားရတာပါ။ ၂၀၂၀ ရွေးကောက်ပွဲတုန်းက သူအကြီးအကျယ်ရှုံးနိမ့်ခဲ့တဲ့ မြို့တော်ဝါရှင်တန်ဒီစီ ဧရိယာမှာ နေထိုင်တဲ့သူတွေထဲကရွေးမယ့် ဂျူရီအဖွဲ့ကို ရင်ဆိုင်ရမှာပါ။

နိုင်ငံတော်လျှို့ဝှက်မှတ်တမ်းတွေ မလွှဲပြောင်းဘဲထိန်းထားတဲ့ ဖေလော်ရီဒါပြည်နယ်အမှုမှာတော့ တရားသူကြီး Aileen Cannon က သူ ပုံမှန်ထိုင်တဲ့ Fort Pierce မြို့ တရားခွင်မှာ ကြားနာမယ့်သဘော ပြောနေပါတယ်။ အဲဒီ မြို့မှာ ကြားနာမယ်ဆိုရင်တော့ မြို့နယ်ငါးခုက နေထိုင်သူတွေနဲ့ ဂျူရီအဖွဲ့ဖွဲ့ရမှာပါ။ အဲဒီအထဲ မြို့နယ်လေးခုဟာ ၂၀၂၀ ရွေးကောက်ပွဲအတွင်း Trump က ၆၀ ရာခိုင်နှုန်းကျော်အနိုင်ရခဲ့တဲ့ နေရာတွေဖြစ်သလို ကျန်တခုမှာ သူက ကပ်သီအနိုင်ရခဲ့တာပါ။

တရားသူကြီး Cannon ဟာ သမ္မတ Trump တာဝန်ယူစဉ်အတွင်း တရားသူကြီးအဖြစ် ခန့်အပ်ခံခဲ့ရသူဖြစ်ပါတယ်။ ဝါရှင်တန်ဒီစီအမှုမှာတော့ တရားသူကြီး Tanya Chutkan က ကြားနာမှာဖြစ်ပြီး သူကတော့ သမ္မတ Barack Obama လက်ထက်မှာ တရားသူကြီး ခန့်အပ်ခံရသူဖြစ်ပါတယ်။

Donald Trump အမှုများ သဘောထားမတူနိုင်တဲ့ဂျူရီအဖွဲ့နှစ်ဖွဲ့ရှိနေ 
please wait

No media source currently available

0:00 0:01:40 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG