သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှင်းမုန်တိုင်းကြား အိုင်အိုဝါ ပါတီတွင်းသမ္မတလောင်းရွေးပွဲ ကျင်းပဖို့ အခက်တွေ့


Election 2024 Iowa What to Watch
Election 2024 Iowa What to Watch

အမေရိကန်ပြည်ထောင်စု အိုင်အိုဝါပြည်နယ်မှာ Iowa Caucuses ခေါ် ပြည်နယ်အနေနဲ့ ပါတီတွင်း သမ္မတလောင်းအမည်စာရင်း တင်သွင်းပွဲတွေ ဒီနေ့ တနင်္လာနေ့ ကျင်းပဖို့ ပြင်ဆင်နေပါတယ်။

ရာသီဥတုအခြေအနေ ဆိုးဆိုးဝါးဝါး အေးခဲနေသလို နှင်းမုန်တိုင်းကျနေတာကြောင့် ရီပတ်ဘလစ်ကန် ပါတီက ကျင်းပမယ့် သမ္မတလောင်း အမည်စာရင်းတင်သွင်းပွဲတွေ ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုသူတွေလည်း ရှိနေပါတယ်။ အနုတ် ၄၈ ဒီဂရီ Celsius အထိ အေးခဲနိုင်သလို လမ်းမတွေပေါ်မှာ ဆီးနှင်းတွေ ပိတ်နေတာကြောင့် ပါတီဝင်တွေအနေနဲ့ ဘုရားကျောင်းတွေ၊ အားကစားခန်းမနဲ့ ကျောင်းတွေလို စုရပ်တွေကို လာရောက်တဲ့အခါ လမ်းမှာ အသက်အန္တရာယ် ရင်ဆိုင်ရနိုင်တယ်ဆိုပြီး သတိပေးနေကြတာပါ။

အမေရိကန် ရွေးကောက်ပွဲ အစဉ်အလာအရ ၁၉၇၂ ခုနှစ်ကတည်းက အိုင်အိုဝါပြည်နယ်မှာ ပါတီတွင်း သမ္မတလောင်း အမည်စာရင်း တင်သွင်းပွဲ စောပြီး ကျင်းပလေ့ရှိပါတယ်။

နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံတွေမှာ ပါတီကိုယ်စားပြု သမ္မတလောင်းကို ရွေးချယ်နိုင်အောင် အဆိုပြုဖို့အတွက် ပဏာမ ကျင်းပတဲ့ပွဲတွေ ဖြစ်ပါတယ်။ ရီပတ်ဘလစ်ကန် ပါတီက လူကိုယ်တိုင် စုဝေးဆွေးနွေးပြီး ပါတီကိုယ်စားပြု သမ္မတလောင်းကို အဆိုပြုဖို့ စီစဉ်ထားပေမဲ့ ဒီမိုကရက်ပါတီဝင်တွေကတော့ စောစောပိုင်း ရက်တွေကတည်းက စာတိုက်က ပေးပို့ အဆိုပြုတဲ့ စနစ်ကို ပြောင်းလဲထားပါတယ်။ အမေရိကန်ပြည်ထောင်စု အရှေ့မြောက်ဘက် ပြည်နယ်တွေမှာ ဆီးနှင်းတွေ အကြီးအကျယ်ကြပြီး ရာသီဉတု အေးခဲနေတဲ့အတွက် နယူးယောက်ပြည်နယ်မှာကျင်းပမယ့် NFL အမေရိကန် ‌ဘောလုံးပြိုင်ပွဲ Pittsburgh Steelers အသင်းနဲ Buffalo Bills အသင်းတို့ ယှဉ်ပြိုင်မယ့် ပြိုင်ပွဲ ရွေ့ဆိုင်းထားရသလို ပြည်နယ်တချို့က မဲဆွယ်စည်းရုံးပွဲတွေလည်း ပယ်ဖျက်ခဲ့ရပါတယ်။
လူထုစစ်တမ်းတွေအရ အိုင်အိုဝါပြည်နယ်မှာ ရီပတ်ဘလစ်ကန် ပါတီအတွင်း သမ္မလောင်းအဖြစ် သမ္မတဟောင်း Donald Trump က လူထုထောက်ခံမှု ရှေ့ဆုံးကအပြတ်အသတ် ရောက်နေတာကြောင့် ရာသီဥတုအခြေအနေ ဘယ်လိုပဲ ရှိနေ ရှိနေ သူပဲ အနိုင်ရမယ်လို့ အများက ခန့်မှန်းနေကြပါတယ်။

XS
SM
MD
LG