သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် အရှေ့ဘက်ခြမ်း နှင်းမုန်တိုင်း တိုက်ခတ်


နယူးယောက်မြို့မှာ နှင်းမုန်တိုင်းတိုက်ခတ်ပြီး ဆီးနှင်းများ ပိတ်ဖုံးနေတဲ့မြင်ကွင်း။ (ဇန်နဝါရီ ၂၉၊ ၂၀၂၂)
နယူးယောက်မြို့မှာ နှင်းမုန်တိုင်းတိုက်ခတ်ပြီး ဆီးနှင်းများ ပိတ်ဖုံးနေတဲ့မြင်ကွင်း။ (ဇန်နဝါရီ ၂၉၊ ၂၀၂၂)

(Zawgyi / Unicode)

အမေရိကန် အရှေ့မြောက်ဘက်တကြောမှာ ဆောင်းရာသီမုန်တိုင်း ကျရောက်ပြီး အအေးလွန်ကဲလာနိုင်ကြောင်း သတိပေးချက်တွေ ထုတ်ပြန်ထားချိန်မှာပဲ စနေနေ့က ဟာရီကိန်းမုန်တိုင်းလောက်နီးနီး ပြင်းထန်တဲ့ လေမုန်တိုင်း တိုက်ခတ်တာကြောင့် တချို့နေရာတွေမှာ နှင်းတွေ ထူထူထဲထဲ ကျနေသလို ကမ်းရိုးတန်းဒေသမှာတော့ ရေကြီးရေလျှံတာတွေ ကြုံနေရပါတယ်။

Philadelphia၊ နယူးယောက်နဲ့ ဘော့စတွန် အပါအဝင် လူဦးရေထူထပ်တဲ့ မြို့ကြီးတချို့နဲ့ အရှေ့မြောက်ပိုင်း ပြည်နယ် ၁၀ ခုက နေရာတချို့မှာ မုန်တိုင်းဒဏ် ခံနေရတာပါ။

စနေနေ့ခင်းပိုင်းမှာဆို နယူးဂျာစီ ကမ်းရိုးတန်းနဲ့ နယူးယောက်အရှေ့ဘက် Long Island တချို့နေရာတွေမှာကျတဲ့ နှင်းထုက ၁၈ လက်မကျော်နေပါပြီ။ အတ္တလန္တိတ်သမုဒ္ဒရာ ကမ်းရိုးတန်းနဲ့နီးတဲ့ ဒေသတွေမှာ နှင်းက ၂ ပေအထိ ကျနေသလို လေတိုက်နှုန်းက တနာရီ မိုင် ၇၀ နှုန်း ရှိနေတာပါ။

ဆိုးဝါးတဲ့ ရာသီဥတုကြောင့် နယူးယောက်၊ ဘော့စတွန်နဲ့ Philadelphia မြို့ကြီးတွေအတွက် လေယာဉ်ခရီးစဉ် ၄,၅၀၀ ကျော်ကို စနေနေ့မှာ ဖျက်သိမ်းထားပြီး ဘော့စတွန်ကနေ ဝါရှင်တန်ဒီစီ ပြေးတဲ့ မြန်နှုန်းမြင့် Acela ရထားခရီးစဉ်တချို့လည်း ဖျက်သိမ်းထားပါတယ်။

New Hampshire ပြည်နယ်တွင်းက မြစ်ကမ်းစပ်မြို့တချို့မှာတော့ ကုန်းမြင့်ရာအပိုင်းကို ရွှေ့ပြောင်းကြဖို့ အာဏာပိုင်တွေက သတိပေးနေပါတယ်။ Massachusetts ပြည်နယ်မှာ ဈေးဆိုင်နဲ့ လူနေအိမ် အလုံးပေါင်း တသိန်းကျော် မီးပြတ်နေတာ ဖြစ်ပါတယ်။

အရှေ့မြောက်ပိုင်းမှာရှိတဲ့ မိန်း၊ New Hampshire၊ မက်ဆာချူးဆက်၊ Rhode Island၊ ကွန်နတီကပ်၊ နယူးယောက်၊ နယူးဂျာစီ၊ ဒယ်လာဝဲ၊ မေရီလန်းနဲ့ ဗာဂျီးနီးယား ပြည်နယ် ၁၀ ခုက တချို့နေရာတွေမှာ ပြင်းထန်တဲ့ မုန်တိုင်းအန္တရာယ် သတိပေးထားသလို လမ်းပေါ်မထွက်ကြဖို့လည်း ဆော်သြထားတာပါ။

တိုက်ရိုက် လင့်ခ်

------------------------

(Unicode)








XS
SM
MD
LG