ဂါဇာတောင်ပိုင်း ရာဖာမြို့နဲ့ အစ္စရေးထိုးစစ်
ဂါဇာဒေသ တောင်ဘက်ဆုံး Rafah မြို့ကို မြေပြင်ကနေ ဝင်ပြီး တိုက်ခိုက်ဖို့ ပြင်ဆင်နေတဲ့အကြောင်း အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က အမိန့်ပေးလိုက်ပါတယ်။ အစ္စရေးရဲ့ စစ်ရေး ထိုးစစ်အပေါ် နိုင်ငံတကာအသိုင်းအဝိုင်းအကြား ဝေဖန်မှုတွေ တိုးနေတဲ့ကြားမှာ အစ္စရေးဝန်ကြီးချုပ်ဘက်က စစ်ဆင်ရေးတွေ ဆက်လုပ်မယ့်အကြောင်း ပြောဆိုလိုက်တာပါ။ Rafah မြို့မှာ ပါလက်စတိုင်း ပြည်သူ တသန်းကျော် ခိုလှုံနေပြီး တခြား ဘယ်နေရာကိုမှသွားစရာ မရှိတော့ပါဘူးလို့ ပြောဆိုနေကြပါတယ်။ VOA သတင်းထောက် Veronica Balderas Iglesias ပေးပို့ထားတဲ့ သတင်းကို ကိုသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။