သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဘုရင်အပေါ် အသရေဖျက်မှု ရှိမရှိ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို စစ်ဆေးမည်


ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် ဘန်ကောက်မြို့ကို ပြန်လည်ရောက်ရှိလာစဉ်
(သြဂုတ် ၂၂၊ ၂၀၂၄)
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် ဘန်ကောက်မြို့ကို ပြန်လည်ရောက်ရှိလာစဉ် (သြဂုတ် ၂၂၊ ၂၀၂၄)

ထိုင်း ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် ကို အကျဉ်းထောင်က ပြန်လွှတ်ပေးလိုက်ပေမဲ့ ထိုင်းဘုရင်မိသားစုအပေါ် အသရေဖျက်မှု ဥပဒေ ချိုးဖေါက်မှု ရှိမရှိ နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေ လုပ်သွားမယ့်အကြောင်း ထိုင်း အစိုးရ ရှေ့နေတွေက ပြောဆိုပါတယ်။ လာဘ်စားမှုတွေ ကျုးလွန်ခဲ့တယ်ဆိုပြီး ထောင်ဒဏ်ကျခံထားရတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို တနင်္ဂနွေနေ့က ခံဝန်ချက်နဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။

ဒါပေမဲ့လည်း ၂၀၁၅ ခုနှစ်က တောင်ကိုရီးယားနိုင်ငံမှာ သူ ပြောဆိုခဲ့တာတွေဟာ ဘုရင်မိသားစုအပေါ် အသရေဖျက်မှု ဥပဒေနဲ့ ငြိစွန်းမှု ရှိမရှိ ဆက်ပြီး စစ်ဆေးမယ်လို့ ထိုင်း ရှေ့နေချုပ်က ပြောပါတယ်။ တခါက နာမည်ကျော် Manchester City ဘောလုံးအသင်းကို ဝယ်ခဲ့သူ ဝန်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ ပတ်သက်လို့ ထိုင်း ခေတ်သစ် သမိုင်းမှာ သဘောထားကွဲလွဲမှုတွေ အကြီးအကျယ်ပေါက်ပေါက်ခဲ့ရသလို သူ့ရဲ့ အများကြိုက် မူဝါဒတွေကြောင့် ရာနဲ့ချီတဲ့ ကျေးလက် လူထု မဲဆန္ဒရှင်တွေက ထောက်ခံခဲ့ကြပါတယ်။ ထိုင်းနိုင်ငံမှာ အသားကျ အခြေခိုင်နေတဲ့ ဘုရင်စနစ်ကို လိုလားသူတွေနဲ့ စစ်တပ် ကြီးစိုးမှုကို ထောက်ခံတဲ့ အသိုင်းအဝိုင်းကတော့ သူ့ကို ဆန့်ကျင်ခဲ့ကြပါတယ်။

အသက် ၇၄ နှစ် အရွယ် သက်ဆင်ရှင်နာဝပ်ကို ပြီးခဲ့တဲ့နှစ် ဩဂုတ်လ ထိုင်းနိုင်ငံ ပြန်လာတဲ့အချိန် လာဘ်စားမှု စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးပြီး ထောင်ဒဏ် ရှစ်နှစ် ချခံထားရပေမဲ့ ထောင်ထဲမှာ ၆ လလေ,က်ပဲထားပြီး မနေ့က ပြန်လွှတ်ပေးလိုက်တာပါ။ အခု နောက်ထပ်စစ်ဆေးမယ့် အမှုအတွက် လာမယ့် ဧပြီလမှာ ရုံးတော်ကို လာရောက်ရမှာ ဖြစ်ပြီး အဲဒီအချိန်မှာ အရေးယူမလား၊ ဆက်ပြီး နောက်ထပ် စစ်ဆေးမလား ဆိုတာ ဆုံးဖြတ်မယ်လို့လည်း ထိုင်း ရှေနေချုပ်က ပြောပါတယ်။

XS
SM
MD
LG