သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါတီတွင်း သမ္မတလောင်းရွေးပွဲ Super Tuesday အမေရိကန်မှာ စတင်ကျင်းပ


အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့မှာ Super Tuesday မတိုင်မီ တရက်အလို မဲပေးနေကြတဲ့ မဲဆန္ဒရှင်များ (မတ် ၄၊ ၂၀၂၄)
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့မှာ Super Tuesday မတိုင်မီ တရက်အလို မဲပေးနေကြတဲ့ မဲဆန္ဒရှင်များ (မတ် ၄၊ ၂၀၂၄)

အမေရိကန်ပြည်ထောင်စုမှာ Super Tuesday လို့ခေါ်တဲ့ ပါတီတွင်း သမ္မတလောင်း ပဏာမရွေးချယ်ပွဲတွေ ဒီနေ့ အင်္ဂါနေ့ ပြည်နယ် ၁၅ ပြည်နယ်နဲ့ အမေရိကန်ပြည်ထောင်စု အုပ်ချုပ်မှုအောက်မှာရှိတဲ့ Samoa ကျွန်းတွေမှာ ကျင်းပါတယ်။

ဒီမိုကရက်ပါတီအတွက် လက်ရှိ သမ္မတ Joe Biden တဦးတည်းဦးဆောင်နေပေမဲ့ ရီပတ်ဘလစ်ကန် ပါတီအတွက်တော့ သမ္မတဟောင်း Donald Trump နဲ့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်း Nikki Haley တို့နှစ်ယောက် ယှဉ်ပြိုင်နေကြတာပါ။

ပြီးခဲ့တဲ့ သုံးလအတွင်း ရီပတ်ဘလစ်ကန်ပါတီတွင်း သမ္မတလောင်း ရွေးချယ်ပွဲ ၁၁ နေရာ ယှဉ်ပြိုင်ခဲ့တာမှာ Donald Trump က ၁၀ နေရာ အနိုင်ရထားပါတယ်။ ရီပတ်ဘလစ်ကန်ပါတီ ကိုယ်စားပြု သမ္မတဖြစ်ဖို့ ဂျူလိုင်လ နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံမှာ ပြည်နယ်နဲ့အသီးသီးနဲ့ အုပ်ချုပ်ရေးနယ်မြေတွကို ကိုယ်စားပြုတဲ့ ပါတီကိုယ်စားလှယ် ၁,၂၁၅ ယောက်ရဲ့ ထောက်ခံမှု လိုပါတယ်။အခုအချိန်အထိ ကျင်းပပြီးတဲ့ ပဏာမရွေးကောက်ပွဲတွေအရ Donald Trump က ကိုယ်စားလှယ် ၂၇၆ ယောက် ထောက်ခံမှုရထားပြီး Nikki Haley က ၄၇ ယောက် ရထားပါတယ်။

ဒီနေ့ Super Tuesday အင်္ဂါနေ့ ရွေးကောက်ပွဲတွေမှာ အပြတ်အသတ် အရေးနိမ့်ခဲ့မယ်ဆိုရင် Nikki Haley ကို ပါတီတွင်း သမ္မတလောင်းအဖြစ် ဆက်မပြိုင်တော့ဖို ဖိအားပေးမှုတွေ ပိုများလာနိုင်ပါတယ်။

ပါတီတွင်း သမ္မတလောင်းရွေးပွဲ Super Tuesday အမေရိကန်မှာ စတင်ကျင်းပ
please wait

No media source currently available

0:00 0:01:23 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG