သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါတီတွင်းပဏာမရွေးချယ်ပွဲတွေမှာ Trump အမည်ထည့်သွင်းဖို့ ကန်တရားရုံးချုပ်ဆုံးဖြတ် 


အမေရိကန်သမ္မတရွေးကောက်ပွဲ ပါတီတွင်း ယှဥ်ပြိုင်မှုတွေမှာ ပါဝင်ယှဥ်ပြိုင်နေတဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့် ရစ်ချ်မွန်မြို့က မဲဆွယ်စည်းရုံးပွဲမှာ တွေ့ရစဥ်။ (မတ်လ ၂၊ ၂၀၂၄)
အမေရိကန်သမ္မတရွေးကောက်ပွဲ ပါတီတွင်း ယှဥ်ပြိုင်မှုတွေမှာ ပါဝင်ယှဥ်ပြိုင်နေတဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့် ရစ်ချ်မွန်မြို့က မဲဆွယ်စည်းရုံးပွဲမှာ တွေ့ရစဥ်။ (မတ်လ ၂၊ ၂၀၂၄)

အမေရိကန်ပြည်ထောင်စု၊ Colorado ပြည်နယ်မှာ မတ်လ ၅ ရက်နေ့ကျင်းပဖို့ရှိတဲ့ ပါတီတွင်း ပဏာမသမ္မတလောင်းရွေးချယ်ပွဲမှာ သမ္မတဟောင်း Donald Trump ရဲ့ နာမည်ကို ထည့်သွင်းခွင့်ရှိရမယ်လို့ အမေရိကန် ပြည်ထောင်စုတရားရုံးချုပ်က ဆုံးဖြတ်ချက် ချလိုက်ပါတယ်။

'တရားရုံးရဲ့ဆုံးဖြတ်ချက်ဟာ အမေရိကန်အတွက် နေ့ထူးနေ့မြတ်ဖြစ်သလို စည်းလုံးညီညွှတ်မှုအတွက် ကြီးမားတဲ့ခြေလှမ်းတရပ်ဖြစ်တယ်' လို့ သမ္မတဟောင်း Trump ကပြောပါတယ်။ တရားရုံးဆုံးဖြတ်ချက်ထွက်လာပြီးမကြာခင်မှာပဲ ဖလော်ရီဒါပြည်နယ်ကသူ့နေအိမ် Mar-a-Lago ကနေ Trump ကအဲဒီလိုပြောဆိုလိုက်တာဖြစ်ပါတယ်။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့မဲရလဒ်ကို ပြောင်းလဲပစ်ဖို့ကြိုးစားခဲ့တဲ့ လွှတ်တော်ကို ဝင်ရောက်စီးနင်းမှုနဲ့ဆက်စပ်ပြီး သမ္မတဟောင်း Trump ကိုပြည်နယ်အလိုက်ကျင်းပနေတဲ့ ပါတီတွင်း ပဏာမ သမ္မတလောင်းရွေးပွဲတွေမှာဝင်ပြိုင်ခွင့်မရှိဘူးဆိုပြီး Colorado ၊ Illinois နဲ့ Maine ပြည်နယ်တို့မှာ ပိတ်ပင်ထားတာပါ။ တရားရုံးရဲ့ ဒီဆုံးဖြတ်ချက်ကြောင့် အခြားပြည်နယ်တွေမှာ အလားတူ ပိတ်ပင်မှုတွေလုပ်လို့မရတော့ပါဘူး။ ပါတီတွင်း ပဏာမရွေးချယ်မှုတွေကျင်းပမယ့် Super Tuesday မတိုင်ခင်တရက်အလိုမှာ ပြည်ထောင်စုတရားရုံးက ခုလိုဆုံးဖြတ်လိုက်တာလည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG