သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

New Hampshire ပါတီတွင်း သမ္မတလောင်းရွေးပွဲ Donald Trump အနိုင်ရ


 နယူးဟမ့်ရှိုင်းယားမှာ ယှဥ်ပြိုင်တဲ့ ရီပတ်ဘလစ်ကန် ပါတီတွင်း သမ္မတလောင်းရွေးပွဲမှာ အနိုင်ရသွားတဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်။ (ဇန်နဝါရီ ၂၂၊ ၂၀၂၄)
နယူးဟမ့်ရှိုင်းယားမှာ ယှဥ်ပြိုင်တဲ့ ရီပတ်ဘလစ်ကန် ပါတီတွင်း သမ္မတလောင်းရွေးပွဲမှာ အနိုင်ရသွားတဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်။ (ဇန်နဝါရီ ၂၂၊ ၂၀၂၄)

အမေရိကန်ပြည်ထောင်စု New Hampshire ပြည်နယ်မှာ အင်္ဂါနေ့ကကျင်းပတဲ့ ပါတီတွင်း သမ္မတလောင်းရွေးပွဲတွေမှာ ရီပတ်ဘလစ်ကန်ပါတီအတွက် သမ္မတဟောင်း Donald Trump အနိုင်ရသွားပါတယ်။ Donald Tump က မဲအားလုံးရဲ့ ၅၂.၅ ရာခိုင်နှုန်းကို ရရှိပြီး ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟောင်း Nikki Haley က မဲအားလုံးရဲ့ ၄၆.၆ ရာခိုင်နှုန်းကို ရရှိတဲ့အကြောင်း AP သတင်းဌာနက ကြေညာပါတယ်။

ပါတီတွင်း သမ္မတလောင်းပြိုင်ပွဲက နုတ်ထွက်သွားတဲ့ ဖလော်ရီဒါပြည်နယ် အုပ်ချုပ်ရေးမှူး Ron DeSantis က မဲအားလုံးရဲ့ ၀.၆ ရာခိုင်နှုန်း ရရှိပါတယ်။

လူထုစစ်တမ်းတွေအရ သမ္မတဟောင်း Donald Trump အပေါ် ပါတီတွင်း ထောက်ခံမှု ရှေ့က အပြတ်အသတ် ရှေ့ကပြေးနေပြီး Nikki Haley ကို ဆက်မပြိုင်တော့ဖို့ တောင်းဆိုတဲ့ ရီပတ်ဘလစ်ကန် ပါတီဝင်တွေလည်း ပိုများလာနိုင်ခြေရှိ နေပါတယ်။ Nikki Haley ကတော့ ပြည်နယ် ၁၆ ပြည်နယ် ရွေးကောက်ပွဲတွေ တရက်တည်း ကျင်းပမယ့် Super Tuesday လို့ခေါ်တဲ့ မတ်လ ၅ ရက် အင်္ဂါနေ့ ပါတီတွင်း ပဏာမရွေးကောက်ပွဲတွေ ကျင်းပတဲ့အထိ သူ ဆက်ပြိုင်အုံးမယ်လို့ ပြောဆိုနေပါတယ်။

New Hampshire ပြည်နယ် ဒီမိုကရက်ပါတီတွင်း သမ္မလောင်းရွေးချယ်ပွဲမှာတော့ လက်ရှိ သမ္မတ Joe Biden ကပဲ အနိုင်ရတဲ့အကြောင်း ကနဦး မဲရလဒ်ကို အခြေခံပြီး သတင်းဌာနတွေက သတင်းထုတ်ပြန်ပါတယ်။ မဲပြားတွေပေါ်မှာ Joe Biden ရဲ့ နာမည်ကို ထည့်သွင်းပုံနှိပ် မထားပေမဲ့ ဒီမိုကရက်ပါတီဝင်တွေက မဲပြားပေါ်မှာ Joe Biden ရဲ့ နာမည်ကို ရေးပြီး မဲပေးခဲ့ကြတာဖြစ်ပါတယ်။

XS
SM
MD
LG