သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Ron DeSantis ပါတီသမ္မတလောင်းအရွေးခံမှု ရုပ်သိမ်း


ရီပတ်ဘလစ်ကန် သမ္မတကိုယ်စားလှယ်လောင်းအဖြစ် ပါတီတွင်း ယှဥ်ပြိုင်မှုကို ရုပ်သိမ်းသွားတဲ့ ဖလော်ရီဒါအုပ်ချုပ်ရေးမှူး Ron DeSantis
ရီပတ်ဘလစ်ကန် သမ္မတကိုယ်စားလှယ်လောင်းအဖြစ် ပါတီတွင်း ယှဥ်ပြိုင်မှုကို ရုပ်သိမ်းသွားတဲ့ ဖလော်ရီဒါအုပ်ချုပ်ရေးမှူး Ron DeSantis

ဖလော်ရီဒါပြည်နယ်အုပ်ချုပ်ရေးမှူး Ron DeSantis ဟာ ရီပတ်ဘလစ်ကန်သမ္မတကိုယ်စားလှယ်လောင်းအဖြစ်ယှဉ်ပြိုင်မှုကို အဆုံးသတ်လိုက်ပြီး ရီပတ်ဘလစ်ကန်ကိုယ်စားလှယ်လောင်းတဦးဖြစ်တဲ့ Donald Trump ကို ထောက်ခံကြောင်း ကြေညာပါတယ်။

New Hampshire ပြည်နယ်မှာလုပ်မယ့် ရီပတ်ဘလစ်ကန်ပါတီတွင်း ပဏာမပြည်နယ်ရွေးကောက်ပွဲမတိုင်ခင် နှစ်ရက်အလိုမှာ အခုလို သူ့ ဆုံးဖြတ်ချက်ကို ကြေညာလိုက်တာပါ။ ဒါကြောင့် ရီပတ်ဘလစ်ကန်သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်မယ့်သူဟာ သမ္မတဟောင်း Donald Trump နဲ့ ကုလသံအမတ်ဟောင်း Nikki Haley တို့ပဲ ကျန်ပါတော့တယ်။

ဒါပေမယ့် လက်ရှိ ရီပတ်ဘလစ်ကန်သမ္မတလောင်းယှဉ်ပြိုင်မှုတွေမှာ ကနဦးစစ်တမ်းတွေအရ သမ္မတဟောင်း Donald Trump က အပြတ်အသတ်နဲ့ ထိပ်ဆုံးမှာရှိနေတာပါ။ သမ္မတဟောင်း Trump ဟာ လက်ရှိမှာတော့ ရာဇဝတ်မှုစွဲချက် လေးခုကို ရင်ဆိုင်နေရပြီး ဒီအမှုတွေမှာ သူအပြစ်မရှိဘူးလို့ ပြောဆိုထားပါတယ်။

XS
SM
MD
LG