သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်သမ္မတလောင်း ၂ ဦးကို ထိပ်တန်းလုံခြုံရေးဆိုင်ရာ အစီရင်ခံ တင်ပြမည်


ရီပတ်ပလင်ကန်သမ္မတလောင်းTrump နဲ့ ဒီမိုကရက်တစ် သမ္မတလောင်း Clinton။
ရီပတ်ပလင်ကန်သမ္မတလောင်းTrump နဲ့ ဒီမိုကရက်တစ် သမ္မတလောင်း Clinton။

အမေရိကန် အဓိကနိုင်ငံရေးပါတီကြီးတွေရဲ့ သမ္မတလောင်းတွေကို အများပြည်သူ မသိရတဲ့ လျှို့ဝှက်အချက်အလက်တွေ အပါ အဝင် အမျိုးသားလုံခြုံရေးဆိုင်ရာ အခြေအနေတွေကို ဥပဒေအရ အစိုးရအနေနဲ့ အသိပေး ပြောပြရတယ်လို့ သမ္မတ ဘရာ့ခ် အိုဘားမားက ပြောပါတယ်။

ဒီမိုကရက်သမ္မတလောင်း Hillary Clinton နဲ့ ရီပတ်ဘလီကန်သမ္မတလောင်း Donald Trump တို့ နှစ်ဦးစလုံးကို အဲဒီလို ပြောပြရတာပါ။ Donald Trump ဟာ သမ္မတ တာဝန်ထမ်းဆောင်ဖို့ အရည်အချင်းမပြည့်မီဘူးလို့ သမ္မတ အိုဘားမားက ပြောထား တာပါ။ ပြီးခဲ့တဲ့နှစ် မဲဆွယ်စည်းရုံးပွဲတွေအတွင်း မစ္စတာ Trump ဟာ မိန့်ခွန်းတွေပြောတဲ့အခါ ကြိုတင်ပြင်ဆင်ထားတဲ့အတိုင်း မပြောဘဲ ရုတ်တရက် ပြောပလိုက်တာမျိုးတွေ ရှိခဲ့ပါတယ်။ သူပြောခဲ့တာတွေထဲက တချို့ကို ပုံမှန်ထက် ပွင့်လင်းလွန်းတယ်၊ဒါမှမဟုတ် အမေရိကန်က တခြား ထင်ရှားသူတွေကို ဝေဖန်တယ်ဆိုပြီး မြင်ကြတာတွေရှိပါတယ်။

ဒီအချက်ကြောင့် အမျိုးသား လုံခြုံရေးဆိုင်ရာ အသိပေးပြောဆိုတာကနေ သူရလာတဲ့ အချက်အလက်တွေကို Trump က ဘယ်လို ကိုင်တွယ်လုပ်ဆောင်မလဲ ဆိုတာအပေါ် စိုးရိမ်တာတချို့ ရှိလာတာပါ။ သမ္မတဖြစ်ချင်တယ်ဆိုရင်တော့ သမ္မတ တယောက်လို ပြုမူူ လုပ်ဆောင်ကြရမှာ ဖြစ်တယ်၊ ဆိုလိုတာက အမျိုးသား လုံခြုံရေးဆိုင်ရာ အသိပေးပြောဆိုချက်တွေကို ရယူနိုင်ရမယ်၊ ပြီးရင် လျှောက်ဖြန့်တာမျိုး မလုပ်ရဘူးလို့ ကြာသပတေးနေ့က ပန်တဂွန် စစ်ဌာနချုပ်မှာ သတင်းထောက်တွေကို သမ္မတအိုဘားမားက ပြောပါတယ်။

သမ္မတ လောင်းတွေကို အခုလို အသိပေးပြောဆိုတာရဲ့ အဓိက ရည်ရွယ်ချက်က ရွေးကောက်တင်မြှောက်ခံရတဲ့ သမ္မတဟာ ဒီမိုကရက်ပဲ ဖြစ်ဖြစ်၊ ရီပတ်ဘလီကန်ပဲဖြစ်ဖြစ် ဘာမှကြိုတင်ပြင်ဆင်ထားတာမရှိဘဲ သမ္မတတာဝန် ထမ်းဆောင်ရတာမျိုး မဖြစ်စေဖို့ပါပဲလို့ မစ္စတာ အိုဘားမားက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG