သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မီရှီဂန် ပါတီတွင်း သမ္မတလောင်းရွေးချယ်ပွဲများ ဘိုင်ဒန် နဲ့ ထရမ့်တို့နိုင်ဖို့ မျှော်လင့်


ပါတီတွင်း သမ္မတလောင်းရွေးချယ်ပွဲများ မီချီဂန်ပြည်နယ်မှာကျင်းပနေ (ဖေဖော်ဝါရီ ၂၇၊ ၂၀၂၄)
ပါတီတွင်း သမ္မတလောင်းရွေးချယ်ပွဲများ မီချီဂန်ပြည်နယ်မှာကျင်းပနေ (ဖေဖော်ဝါရီ ၂၇၊ ၂၀၂၄)

အမေရိကန်ပြည်ထောင်စု၊ Michigan ပြည်နယ်မှာ ဒီကနေ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ ဒီမိုကရက်နဲ့ ရီပတ်ဘလီကန်ပါတီတို့ရဲ့ ပါတီတွင်း သမ္မတကိုယ်စားလှယ်လောင်း ရွေးချယ်မှုအတွက် မဲပေးကြဖို့ရှိတာမှာ ဒီမိုကရက်ပါတီက သမ္မတ Joe Biden နဲ့ ရီပတ်ဘလီကန်ပါတီက သမ္မတဟောင်း Donald Trump တို့ အနိုင်ရကြလိမ့်မယ်လို့ အများစုက မျှော်လင့်ထားကြပါတယ်။

သမ္မတ Biden အနိုင်ရလိုက်တဲ့ ၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲအတိုင်း ဒီ ၂ ယောက်ပဲ ပြန်ယှဉ်ပြိုင်ရကိန်း ရှိနေတာကြောင့် အရေးပါတဲ့ ဒီ Michigan ပြည်နယ်က ပါတီတွင်းရွေးချယ်မှုမှာ မဲဘယ်လောက်အကွာနဲ့ အနိုင်ရကြမလဲဆိုတာကို လေ့လာသူတွေက အနီးကပ် စောင့်ကြည့်နေကြပါတယ်။

Michigan ပြည်နယ်ဟာ အမေရိကန်ပြည်ထောင်စုမှာ အာရပ်လူမျိုး အများစုနေထိုင်တဲ့ ပြည်နယ်တခု ဖြစ်တာနဲ့အညီ သမ္မတ Biden အစိုးရရဲ့ အစ္စရေး-ဟာမတ်စ် စစ်ပွဲကို ဆန့်ကျင်သူတွေများပါတယ်။ ဒါကြောင့်လည်း သမ္မတ Biden ကို မဲပေးမဲ့အစား “ဘယ်သူ့ကိုမှ မဲမပေးဘူး” ဆိုတာကို ရွေးချယ်ကြဖို့ ပြည်နယ်အတွင်းမှာရှိတဲ့ ဒီမိုကရက်တချို့က တိုက်တွန်းနေပါတယ်။

ရီပတ်ဘလီကန် ပါတီဘက်မှာတော့ သမ္မတဟောင်း Trump ယှဉ်ပြိုင်ခဲ့သမျှ ပါတီတွင်း ရွေးချယ်မှုအားလုံးမှာ အနိုင်ရခဲ့ပြီး အခု Michigan ပြည်နယ်မှာလည်း သိသိသာသာ အသာစီးရနေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ သမ္မတဟောင်း Trump ဟာ နိုဝင်ဘာလမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ သမ္မတ Biden ကို မနိုင်နိုင်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ သူ့ရဲ့ အဓိကပြိုင်ဘက် တောင် Carolina ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း Nikki Haley က ရွေးကောက်ပွဲမှာ ဆက်ပါနေဆဲ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG