၂၀၂၄ ခုနှစ် Commission on the Status of Women (CSW) လို့ခေါ်တဲ့ ကုလသမဂ္ဂ ရဲ့ အမျိုးသမီးများ အခြေပြကော်မရှင်ရဲ့ ၆၈ ကြိမ်မြောက် ညီလာခံမှာ မြန်မာ အမျိုးသမီးအဖွဲ့တွေ ပိုမို ပါဝင်လာနိုင်ပြီး မြန်မာ့အရေး တင်ပြ ဆွေးနွေးလာနိုင်တယ်လို့ ညီလာခံမှာ ကိုယ်တိုင်တက်ရောက်နေသူ တဦးက ပြောပါတယ်။ နယူးယောက်မြို့ အခြေစိုက် ကုလသမဂ္ဂဌာနချုပ်မှာ မတ်လ ၁၁ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ CSW ညီလာခံ ကျင်းပနေတာမှာ နောက်ဆုံး နှစ်ရက်မှာလည်း မြန်မာအမျိုးသမီးအဖွဲ့တွေက နှစ်ရက်ဆက် ဆွေးနွေးတင်ပြကြဖို့ ရှိနေပါတယ်။ ဒီညီလာခံ အကြောင်းကို အဲဒီမှာ တက်ရောက်နေတဲ့ Women's Advocacy Coalition – Myanmar က ဒေါ်ခင်လေးကို ကိုငြိမ်းချမ်းအေးက Zoom က တဆင့် ဆက်သွယ်မေးမြန်းထားပါတယ်။
မြန်မာအမျိုးသမီးအဖွဲ့တွေ ကုလကော်မရှင်မှာ ပါဝင်ဆွေးနွေး
ဗွီဒီယို ကြည့်ရှုရန်
-
၁၆ မတ်၊ ၂၀၂၅ဂျာမဏီ အကောင်းဆုံး ရတနာပြတိုက် “နော်သဇင်ရဲ့ Vlog”
-
၁၆ မတ်၊ ၂၀၂၅Fulbright ပညာတော်သင်တွေရဲ့ အတွေ့အကြုံ "Gen Z"
Forum