သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မော်စကိုအနောက်ပိုင်းကပွဲရုံ IS တိုက်ခိုက်မှု လူ (၄၀) မကသေဆုံး


မော်စကိုမြို့ပြင်က Krasnogorsk ကရာနိုဂေါ့စ်မြို့မှာ ခရစ်ယာန် အများအပြား စုဝေးနေချိန်မှာ သူတို့အဖွဲ့က ဝင်ရောက် တိုက်ခိုက်တဲ့အတွက် သေဆုံး ဒဏ်ရာရသူ ရာနဲ့ချီ ရှိ။
မော်စကိုမြို့ပြင်က Krasnogorsk ကရာနိုဂေါ့စ်မြို့မှာ ခရစ်ယာန် အများအပြား စုဝေးနေချိန်မှာ သူတို့အဖွဲ့က ဝင်ရောက် တိုက်ခိုက်တဲ့အတွက် သေဆုံး ဒဏ်ရာရသူ ရာနဲ့ချီ ရှိ။

မော်စကို အနောက်ပိုင်း Crocus မြို့တော်ခန်းမမှာရှိတဲ့ ကပွဲရုံထဲက လူအုပ်ကို သောကြာနေ့မှာ သေနတ်သမားတွေ ဝင်ရောက်ပစ်ခတ်မှုဟာ သူတို့လက်ချက်ဖြစ်ကြောင်း အိုင်အက်စ် စစ်သွေးကြွအဖွဲ့က လူမှုကွန်ယက်မှာ ကြေညာပါတယ်။

မော်စကိုမြို့ပြင်က Krasnogorsk ကရာနိုဂေါ့စ်မြို့မှာ ခရစ်ယာန် အများအပြား စုဝေးနေချိန်မှာ သူတို့အဖွဲ့က ဝင်ရောက် တိုက်ခိုက်တဲ့အတွက် သေဆုံး ဒဏ်ရာရသူ ရာနဲ့ချီ ရှိနေတယ်လို့ IS အဖွဲ့က သူတို့ရဲ့ Aamaq အာမက်သတင်းမှာ ဖေါ်ပြထားပါတယ်။ ဒီကြေညာချက်ဟာ အိုင်အက်စ်အဖွဲ့က ဟုတ်မဟုတ် အတည်မပြုနိုင်သေးပါဘူး။

သေနတ်သမား အမျးအပြားရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသူအနည်းဆုံး ၄၀ ရှိနေပြီး လူပေါင်း ၁၀၀ ကျော် ဒဏ်ရာရသလို အဲဒီနေရာဟာလည်း မီးအရှို့ခံထားရတာပါ။ တိုက်ခိုက်သူတွေရဲ့ အခြေနေနဲ့ ပတ်သက်ပြီး အသေအချာ မသိရသေးပါဘူး။

ရုရှားသတင်းဌာန တချို့ကတော့ တိုက်ခိုက်သူတွဟာ အဓိကရုဏ်းနှိမ်နင်းရေး ရဲတွေ မလာခင် ထွက်ပြေးသွားကြတယ်လို့ ပြောပါတယ်။ မော်စကို မြို့တော်ဝန် Sergei Sobyanin ကတော့ ဒီတိုက်ခိုက်မှုဟာ အလွန်ကြေကွဲဘွယ် ကောင်းကြောင်းနဲ့ ဒီအကြမ်းဖက်တိုက်ခိုက်မှုအတွက် အာဏာပိုင်တွေ စုံစမ်း စစ်ဆေးနေကြောင်း ပြောပါတယ်။ ဒါဟာ သမ္မတ Vladimir Putin ရုရှားကို ဆက်လက်အုပ်ချုပ်ဖို့ကျင်းပတဲ့ သူ့ရဲ့ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့ပြီး ရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့တာပါ။ ရုရှားကလာတဲ့ သတင်းတွေမှာတော့ မြို့တော်ခန်းမမှာ မီးအကြီးအကျယ် လောင်ကျွမ်းခဲ့ရတယ်လို့ ဖေါ်ပြကြပါတယ်။

လူမှုမီဒီယာတွေမှာတော့ လူ ၆၀၀၀ လောက်ဆန့်တဲ့ အဆောက်အဦးထဲကနေ မီးခိုးလုံးကြီးတွေ ထွက်နေတဲ့ ဗီဒီယိုတွေ တင်ထားတာတွေ့ရပါတယ်။ ဒီကပွဲရုံထဲမှာ ရုရှားမှာ နာမည်ကြီးတဲ့ တေးဂီတအဖွဲ့ လာရောက်ဖျော်ဖြေတာကို လာရောက်အားပေးသူတွေရှိနေတာဖြစ်ပြီး သူတို့ကို ဘေးလွတ်ရာ ရွှေ့ပေးခဲ့ပေမယ့် မီးထဲ ပိတ်မိနေသူတွေ ရှိနေနိုင်တယ်လို့လည်း သတင်းတွေမှာ ဖေါ်ပြပါတယ်။

မော်စကိုမှာရှိတဲ့ အမေရိကန်နဲ့ အနောက်နိုင်ငံ သံရုံးအများအပြားကတော့ မော်စကိုက လူစုလူဝေးရှိရာ နေရာကို သူတို့ နိုင်ငံသားတွေ မသွားကြဖို့ ဒီလအစောပိုင်းမှာပဲ သတိပေးချက်တွေ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG