သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းမှာ စစ်မှုထမ်းသက် ၂၇ ကနေ ၂၅ နှစ်ကို လျှော့ချ သတ်မှတ်


ယူကရိန်းစစ်တပ်အရာရှိတဉီးကို စကားပြောနေတဲ့ ယူကရိန်းသမ္မတ Volodymyr Zelenskyy (နိုဝင်ဘာ ၃၀၊ ၂၀၂၃)
ယူကရိန်းစစ်တပ်အရာရှိတဉီးကို စကားပြောနေတဲ့ ယူကရိန်းသမ္မတ Volodymyr Zelenskyy (နိုဝင်ဘာ ၃၀၊ ၂၀၂၃)

ယူကရိန်းသမ္မတ Volodymyr Zelenskyy က စစ်ထဲဝင်ရမယ့် အသက်သတ်မှတ်ချက်ကို ၂၇ ကနေ ၂၅ နှစ် ပြင်ဆင်လျှော့ချလိုက်တဲ့ ဥပဒေတရပ်ကို လက်မှတ်ထိုး အတည်ပြုလိုက်ပါတယ်။ အင်္ဂါနေ့က လက်မှတ်ထိုး အတည်ပြုလိုက်တဲ့ ဥပဒေသစ်အရ ယူကရိန်းစစ်တပ်အတွက် ရှေ့တန်းစစ်မျက်နှာမှာ တိုက်ခိုက်ဖို့ အရပ်သားတွေ တိုးလာမှာပါ။ ဥပဒေသစ်ကို ကျင့်သုံးဖို့ စစ်တပ်က အစိုးရကို လအတော်ကြာကတည်းက တောင်းဆိုထားပြီး၊ လွှတ်တော်က အတည်ပြုခဲ့ပြီး ၁ နှစ်နီးပါးရှိတော့မှ သမ္မတက လက်မှတ်ရေးထိုး လိုက်တာဖြစ်ပါတယ်။ ရုရှားရဲ့ ကျုးကျော်စစ်နဲ့ ရင်ဆိုင်နေရတာ ၂ နှစ်ကျော် ကာလအတွင်း စစ်တပ်မှာ အထိအခိုက်အကျအဆုံးတွေ များလာနေချိန် ဥပဒေကို ပြင်ဆင်လိုက်တာပါ။

တချိန်တည်းမှာပဲ ရုရှားတပ်ဖွဲ့တွေက ပဲ့ထိန်းတပ် မစ်ဇိုင်းဒုံး ၃ ခု၊ Shahed အမျိုးအစား အဝေးထိန်း ဒရုန်း ၄ စင်း နဲ့ ညဖက်မှာ တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။ ဒရုန်း ၄ စင်း စလုံးကို ကြားဖြတ် ပစ်ချနိုင်ခဲ့တယ်လို့လည်း ယူကရိန်းလေတပ်က ပြောပါတယ်။ ရုရှားစစ်တပ်က ပစ်ခတ်ခဲ့တဲ့ မစ်ဇိုင်းဒုံးတွေဟာ ယူကရိန်းအရှေ့ပိုင်း Donetsk (ဒေါညက်) ဒေသကို ပစ်မှတ်ထားခဲ့တယ်လို့လည်း ယူကရိန်းလေတပ်က ပြောပါတယ်။

ယူကရိန်းမှာ စစ်မှုထမ်းသက် ၂၇ ကနေ ၂၅ နှစ်ကို လျှော့ချ သတ်မှတ်
please wait

No media source currently available

0:00 0:01:16 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG