သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းမြို့တော်ကို တပတ်အတွင်းသုံးကြိမ်မြောက် ရုရှားလေကြောင်းတိုက်ခိုက်


Kyiv မြို့ကို ရုရှားမစ်ဇိုင်းဒုံးနဲ့တိုက်ခိုက်ခံရတဲ့မြင်ကွင်းကို ရုရှာအရေးပေါ်ဌာနက ထုတ်ပြန်ခဲ့ပုံ။ (မတ်လ ၂၅၊ ၂၀၂၄)
Kyiv မြို့ကို ရုရှားမစ်ဇိုင်းဒုံးနဲ့တိုက်ခိုက်ခံရတဲ့မြင်ကွင်းကို ရုရှာအရေးပေါ်ဌာနက ထုတ်ပြန်ခဲ့ပုံ။ (မတ်လ ၂၅၊ ၂၀၂၄)

ယူကရိန်းနိုင်ငံမြို့တော် Kyiv ထဲကို သီတင်းတပတ်အတွင်း တတိယအကြိမ်အဖြစ် ရုရှားတို့က တနင်္လာနေ့မှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။ ယူကရိန်းမြို့ကြီးတွေကို ရုရှားက လေကြောင်းကနေ ဗုံးတွေနဲ့အကြီးအကျယ် တိုက်ခိုက်နေတာပါ။

Kyiv မြို့တော်ဝန် ဗီတာလီ ကလစ်ချ်ကို က မစ်ဇိုင်းဒုံးတွေကျရောက်ပေါက်ကွဲတဲ့အတွက် လူမနေတဲ့အဆောက်အအုံတွေပျက်စီးခဲ့ရတဲ့အပြင် မလှမ်းမကမ်းက လူနေအဆောက်အအုံတွေ၊ ပြတင်းပေါက်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။ မြို့တလျှောက် လူ၁၀ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့လည်း ပြောပါတယ်။

အထပ်မြင့်အဆောက်အအုံတွေရှိတဲ့နေရာတဝိုက် အနုပညာကျောင်းနဲ့ အားကစားခန်းမ ပြိုကျပျက်စီးခဲ့ရတာပါ။ တိုက်ခိုက်မှုအတွင်း ကျောင်းသူကျောင်းသားတွေ ဘေးလွတ်ရာ ထွက်ပြေးကြရတယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီး ဒီမီထရို ကူလီဘာကပြောပါတယ်။ ယူကရိန်းဆိုင်ရာအမေရိကန်သံအမတ် Bridget Brink ကလည်း Kyiv မြို့တွင်း ကျယ်လောင်တဲ့ပေါက်ကွဲသံတွေကြားရတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၅ ရက်အတွင်းအချုပ်အခြာအာဏာပိုင် ယူကရိန်းနိုင်ငံထဲ ရုရှားဘက်က ရာနဲ့ချီတဲ့ မစ်ဇိုင်းဒုံးတွေနဲ့ပစ်ခတ်ခဲ့တယ်လို့ Brink ကလူမှုကွန်ယက်မှာရေးပါတယ်။ ယူကရိန်းအတွက် အကူအညီတွေအခုလိုအပ်နေတယ်၊ အချိန်ဆွဲလို့မဖြစ်ဘူးလို့လည်း ရေးသားခဲ့တာပါ။ ယူကရိန်းလေတပ်ကလည်း ရုရှားတို့သိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားဒေသထဲကနေ ပစ်လွှတ်လိုက်တဲ့ ပဲ့ထိန်းတပ် ဒုံး၂ စင်းကို ပစ်ချခဲ့ကြောင်း တနင်္လာနေ့မှာပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG