သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းမြေအောက်ဓါတ်ငွေ့သိုလှောင်ရုံ ရုရှားဒုံးကျည်ထိမှန် 


Kyiv ဒေသက စွမ်းအင်စက်ရုံတခု ရုရှားဒရုန်းနဲ့တိုက်ခိုက်ခံရတဲ့ ယခင်မှတ်တမ်းဓာတ်ပုံ။ (ဒီဇင်ဘာ ၁၉၊ ၂၀၂၂)
Kyiv ဒေသက စွမ်းအင်စက်ရုံတခု ရုရှားဒရုန်းနဲ့တိုက်ခိုက်ခံရတဲ့ ယခင်မှတ်တမ်းဓာတ်ပုံ။ (ဒီဇင်ဘာ ၁၉၊ ၂၀၂၂)

ရုရှားတို့ပစ်လိုက်တဲ့မစ်ဇိုင်းဒုံးဟာ ယူကရိန်းမြေအောက်ဓာတ်ငွေ့သိုလှောင်ရုံ (UGS) ကိုတနင်္ဂနွေနေ့က လာရောက်ထိမှန်ခဲ့ပါတယ်။ ဒါဟာ ယူကရိန်းရဲ့ စွမ်းအင်ကဏ္ဍကို ရုရှားရဲ့ မစ်ဇိုင်းဒုံး နောက်ဆုံးလာရောက်ထိမှန်တာလည်းဖြစ်ပါတယ်။

ဒုံးထိမှန်လို့ပျက်စီးခဲ့ရတဲ့နေရာတွေကို ပြင်ဆင်နေပြီလို့ Naftogaz ကုမ္ပဏီအမှုဆောင်ညွှန်ကြားရေးမှူး အိုလက်ဆီ ချာနမ်ရှော့ဗ် (Oleksiy Chernyshov) ကပြောပါတယ်။ ဓာတ်ငွေ့တွေကို မြေအောက်ခပ်နက်နက်မှာသိုလှောင်ထားတဲ့အတွက် အခြေအနေ သိပ်မဆိုးပါဘူးလို့ ချာနမ်ရှော့ဗ်က ဖေ့ဘုတ်စာမျက်နှာမှာရေးပါတယ်။ အဆောက်အအုံရဲ့အပေါ်ယံလောက်သာပျက်စီးသွားပြီး အရံဓာတ်ငွေ့တွေ လတ်တလောလိုအပ်ချက်အတွက် လုံလုံလောက်လောက် ရှိထားပါတယ်လို့လည်း ပြောပါတယ်။

ရုရှားတို့ရဲ့ပြင်းထန်တဲ့တိုက်ခိုက်မှုကြောင့် နိုင်ငံအခြေခံအဆောက်အအုံတွေ ထိခိုက်ပျက်စီးနေရတယ်လို့ ယူကရိန်းသမ္မတ Volodymyr Zelenskyy က ညစဥ် ဗွီဒီယိုမိန့်ခွန်းမှာပြောပါတယ်။ ပြီးခဲ့တဲ့တနင်္လာနေ့ကစပြီး တပတ်အတွင်း ရုရှားအကြမ်းဖက်သမားတွေပစ်ခတ်ခဲ့တဲ့ မစ်ဇိုင်းဒုံးအလုံးပေါင်း ၁၉၀ လောက်ရှိပြီး Shahed ဒရုန်းယာဥ်က ၁၄၀ လောက်ရှိတယ်လို့ပြောပါတယ်။ ပဲ့ထိန်းတပ်ဗုံးက အလုံး ၇၀၀ လောက်နဲ့လည်း တိုက်ခိုက်ခဲ့သလို ရုရှားတို့ ၂ နှစ်ကျော်တိုက်ခိုက်မှုအတွင်း တိုက်ခိုက်မှုမလုပ်တဲ့သီတင်းပတ် တပတ်မှ မရှိခဲ့ဘူးလို့လည်း သမ္မတ Zelenskyy ကပြောဆိုသွားပါတယ်။

နိုင်ငံတဝန်း လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိနေပြီးနိုင်ငံအရှေ့ပိုင်း Kharkiv မြို့က တပ်ဖွဲ့အတွက်လည်း လျှပ်စစ်နဲ့ အပူပေးစနစ်ပြန်ရေအာင် မရပ်မနာ ဆောင်ရွက်နေပါတယ်လို့လည်း ပြောပါတယ်။ သောကြာနေ့ကစပြီး ရုရှားရဲ့ လတ်တလောတိုက်ခိုက်မှုကြောင့် ယူကရိန်းနိုင်ငံရဲ့ ထိပ်တန်းစွမ်းအင်ကုမ္ပဏီ DTEK က စွမ်းအင် ၅၀ ရာခိုင်နှုန်းသာ ထုတ်လုပ်နိုင်ပါတော့တယ်။ ဒါကြောင့် တနင်္ဂနွေနေ့မှာပဲ စွမ်းအင်တင်ပို့မှုကို ရပ်ဆိုင်းလိုက်ပြီး ပြည်ပကနေ စွမ်းအင်တင်သွင်းလာနိုင်ရေး အစွမ်းကုန်ကြိုး စားနေပါတယ်လို့ ယူကရိန်း စွမ်းအင်ဝန်ကြီးဌာနက ပြောပါတယ်။

ယူကရိန်းမြေအောက်ဓါတ်ငွေ့သိုလှောင်ရုံ ရုရှားဒုံးကျည်ထိမှန်
please wait

No media source currently available

0:00 0:01:04 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG