သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ အလားအလာ ယူကရိန်း နဲ့ တူရကီသမ္မတ ညှိနှိုင်း


ယူကရိန်းသမ္မတ Volodymyr Zelenskyy (ဝဲ)နှင့် တူရကီ သမ္မတ Recep Tayyip Erdogan (ယာ) တို့ အစ္စတန်ဘူမြို့မှာ တွေ့ဆုံစဉ် (မတ် ၈၊ ၂၀၂၄)
ယူကရိန်းသမ္မတ Volodymyr Zelenskyy (ဝဲ)နှင့် တူရကီ သမ္မတ Recep Tayyip Erdogan (ယာ) တို့ အစ္စတန်ဘူမြို့မှာ တွေ့ဆုံစဉ် (မတ် ၈၊ ၂၀၂၄)

ယူကရိန်းသမ္မတ Volodymyr Zelenskyy ဟာ တူရကီ သမ္မတ Recep Tayyip Erdogan နဲ့ တွေ့ဆုံဖို့ အစ္စတန်ဘူလ် ကို သောကြာနေ့မှာ သွားရောက်နေပါတယ်။

ခေါင်းဆောင် ၂ ဦးဟာ ယူကရိန်း- ရုရှား စစ်ပွဲအရေး၊ ပင်လယ်နက်ဒေသ ကောက်နှံတင်ပို့ရေး သဘောတူညီချက်နဲ့ ရုရှားဖမ်းထားတဲ့ ယူကရိန်းစစ်သုံ့ပန်းနဲ့ နိုင်ငံရေးအကျဉ်းသားတွေ အရေးကို ဆွေးနွေးမှာ ဖြစ်ကြောင်း သမ္မတ Zelenskyy ရုံးက ထုတ်ပြန်သလို တူရကီသတင်းတွေမှာလည်း ဖေါ်ပြကြပါတယ်။

ယူကရိန်း- ရုရှား စစ်ဖြစ်နေတဲ့ ၂ နှစ်ကျော်ကာလ အတွင်း NATO အဖွဲ့ဝင်ဖြစ်တဲ့ တူရကီဟာ ၂ ဖက်စလုံးနဲ့ ဆက်ဆံရေး အဆင်ပြေတဲ့ အတွက် ဒီ ၂ နိုင်ငံကြား ငြိမ်းချမ်းရေးညှိနှိုင်းမှုတွေ လုပ်လာအောင် တိုက်တွန်းမယ်လို့ မျှော်လင့်နေကြတာပါ။ တူရကီ နိုင်ငံခြားရေးဝန်ကြီး Hakan Fidan ကလည်း ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ရုရှား နိုင်ငံခြားရေးဝန်ကြီး Sergey Lavrov နဲ့ တွေ့ဆုံခဲ့တဲ့ နောက်ပိုင်း ယူကရိန်းနဲ့ ရုရှား အပစ်ရပ်ရေးဆွေးနွေးပွဲတွေ လုပ်ဖို့ တိုက်တွန်းခဲ့တာ ဖြစ်ပြီး ဒီလိုဆွေးနွေးမှုတွေဟာ ရုရှားကျူးကျော်မှုကို အသိမှတ်ပြုတဲ့ သဘော မဖြစ်စေရဘူးလို့လည်း ပြောပါတယ်။

ယူကရိန်းသမ္မတ Zelenskyy ရဲ့ တူရကီခရီးစဉ်ဟာ ရုရှားရွေးကောက်ပွဲ ကျင်းပမယ့် မတ်လ ၁၅ ရက်ကနေ ၁၇ ရက်နောက်ပိုင်း ရုရှားသမ္မတ Vladimir Putin ရဲ့တူရကီ ခရီးစဉ် မတိုင်ခင် လာရောက်တာလည်း ဖြစ်ပါတယ်။ ယူကရိန်း - ရုရှားတို့နဲ့ အတူ ပင်လယ်နက်ဒေသ ရေပြင်နယ်နိမိတ်ချင်း ထိနေတဲ့ တူရကီက ဒီပင်လယ်နက်ဒေသ ကနေ ယူကရိန်းကောက်နှံတွေ တင်ပို့ရေး အတွက်ပါ ရုရှားနဲ့ သဘောတူညီချက်ရဖို့ ညှိနှိုင်းပေးနေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG