သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၂၄ ဟာ လွတ်လပ်မှု ကြိုးစား ရုန်းကန်သူတွေအတွက် အရေးပါတဲ့နှစ်ဖြစ်

Freedom House အဖွဲ့ကထုတ်ပြန်တဲ့ ကမ္ဘာလုံးဆိုင်ရာ လွတ်လပ်ခွင့်အညွှန်းပြပုံ (မတ် ၂၀၂၄)
Freedom House အဖွဲ့ကထုတ်ပြန်တဲ့ ကမ္ဘာလုံးဆိုင်ရာ လွတ်လပ်ခွင့်အညွှန်းပြပုံ (မတ် ၂၀၂၄)

လွတ်လပ်မှုအတွက် ကြိုးစားရုန်းကန်နေတဲ့ ကမ္ဘာကြီးအတွက် ၂၀၂၄ ခုနှစ်ဟာ အရေးပါတဲ့နှစ်ဖြစ်တယ်လို့ အမေရိကန်အခြေစိုက် Freedom House အဖွဲ့ကြီးက ပြောကြားလိုက်ပါတယ်။ မြန်မာ၊ ဆူဒန်၊ ယူကရိန်း စတဲ့နိုင်ငံတွေမှာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေသလို ကမ္ဘာ့လူဦးရေထက်ဝက်လောက် မဲဆန္ဒတွေပေးကြမယ့် ရွေးကောက်ပွဲတွေဟာ ကမ္ဘာ့လွတ်လပ်မှုကို အဆုံးအဖြတ်ပေးဖို့ အရေးပါတယ်လို့ Freedom House ရဲ့ ကမ္ဘာ့လွတ်လပ်မှုဆိုင်ရာ ၂၀၂၄ ခုနှစ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အရှေ့တောင်အာရှဒေသထဲက မြန်မာနိုင်ငံအပါအဝင် ရွေးကောက်တင်မြှောက်ခံထားရတဲ့ အစိုးရတွေကို ဖယ်ရှားပြီး စစ်တပ်အာဏာသိမ်းထားတဲ့နိုင်ငံတွေမှာ ၂၀၂၃ ခုနှစ်အတွင်း လွတ်လပ်မှုတွေ ဆက်လက် ဆုတ်ယုတ်လာတယ်လို့ အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ လူပေါင်း ၂ သောင်းခွဲကျော်ကို ဖမ်းဆီးခဲ့ပြီး၊ ကတိပေးထားတဲ့အတိုင်း ရွေးကောက်ပွဲ မကျင်းပသေးတဲ့ စစ်တပ်ဟာ မြေလှန်မီးရှို့တဲ့နည်းကို သုံးနေတယ်လို့ Freedom House ရဲ့ အစီရင်ခံစာက ဖော်ပြထားပါတယ်။ လက်နက်ကိုင်ပဋိပက္ခတွေ၊ အာဏာရှင်တွေရဲ့ ဖိနှိပ်မှုတွေက ကမ္ဘာကြီးကို လုံခြုံမှု ပိုကင်းမဲ့စေပြီး ဒီမိုကရေစီအခွင့်အရေးတွေလည်း ပိုနည်းလာစေတယ်ဆိုတာကိုလည်း ထောက်ပြထားပါတယ်။

အကျင့်ပျက် လာဘ်စားမှုတွေကြောင့် မြန်မာနိုင်ငံထဲမှာသာမက မဲခေါင်မြစ်ဝှမ်းဒေသတလျှောက်အထိ လူကုန်ကူးမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတယ်လို့ လည်းကမ္ဘာတဝန်း လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအပြောင်းအလဲတွေ မြှင့်တင်ရေးဆောင်ရွက်နေတဲ့ တတ်သိပညာရှင်များအဖွဲ့ရဲ့ နှစ်ပတ်လည်အစီအစဉ်တွေမှာ ပြောကြားထားပါတယ်။

၂၀၂၄ ဟာ လွတ်လပ်မှု ကြိုးစား ရုန်းကန်သူတွေအတွက် အရေးပါတဲ့နှစ်ဖြစ်
please wait

No media source currently available

0:00 0:01:13 0:00
တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG