သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းသမ္မတ ဇာလန်းစကီးယာဉ်တန်းအနီး ရုရှားဒုံးကျ 


ယူကရိန်းနိုင်ငံ အိုဒက်ဆားမြို့မှာ တွေ့ရတဲ့ ယူကရိန်းသမ္မတဇလန်းစကီးနဲ့ ဂရိဝန်ကြီးချုပ် Kyriakos Mitsotakis (မတ် ၆၊ ၂၀၂၄)
ယူကရိန်းနိုင်ငံ အိုဒက်ဆားမြို့မှာ တွေ့ရတဲ့ ယူကရိန်းသမ္မတဇလန်းစကီးနဲ့ ဂရိဝန်ကြီးချုပ် Kyriakos Mitsotakis (မတ် ၆၊ ၂၀၂၄)

ယူကရိန်းသမ္မတဇာလန်းစကီးဟာ ရုရှားကပစ်လိုက်တဲ့ဒုံးကျည်ဘေးကနေ ကပ်ပြီးလွတ်မြောက်သွားပါတယ်။ တိုက်ခိုက်ခံရချိန်မှာ ဂရိဝန်ကြီးချုပ်နဲ့ ကိုယ်စားလှယ်အဖွဲ့လည်း ယာဉ်တန်းမှာပါရှိပါတယ်။ ယူကရိန်းသမ္မတ Volodymyr Zelenskyy နဲ့ ဂရိဝန်ကြီးချုပ် Kyriakos Mitsotakis တို့နှစ်ဦး ယူကရိန်းနိုင်ငံတောင်ပိုင်း Odesa မြို့ခရီးစဉ် အဆုံးသတ်ချိန်မှာပဲ အနီးဝန်းကျင်မှာ ကြီးမားတဲ့ပေါက်ကွဲသံတွေ ဆင့်ကဲ ကြားလိုက်ရတာပါ။

အရာရှိတွေကားထဲဝင်ချိန်မှာပဲ ပေါက်ကွဲသံတွေကြားခဲ့ရပြီး Odesa မြို့ဟာ ရုရှားစစ်ဒဏ်ခံနေရတယ်ဆိုတာ သူ့အတွက်တော့ အင်မတန်အမှတ်ရစရာဖြစ်စေတယ်လို့ ဂရိဝန်ကြီးချုပ်ကပြောပါတယ်။ လူ ငါးဦး သေဆုံးပြီး အတော်များများ ဒဏ်ရာရခဲ့တယ်လို့ စီအန်အန်သတင်းက ဖော်ပြပါတယ်။ ဘယ်ကိုထိထိ ဂရုမစိုက်ဘူးဆိုတဲ့လူတွေနဲ့ ရင်ဆိုင်နေရတယ်ဆိုတာ ခင်ဗျားတို့မျက်မြင်ပဲလို့ ယူကရိန်းသမ္မတကလည်း သတင်းထောက်တွေကို ပြောပါတယ်။ ဒါနဲ့ပတ်သက်လို့ ရုရှားတာဝန်ရှိသူတွေဘက်ကတော့ တုံ့ပြန်မှု မတွေ့ရသေးပါဘူး။

ယူကရိန်းသမ္မတ Zelenskyy ဟာ စစ်ပွဲကာလအတွင်း မြို့တွေနဲ့ ရှေ့တန်းစစ်စခန်းတွေကို မကြာမကြာ သွားရောက်လေ့ရှိပြီး သူ ပြန်ထွက်ခွာတဲ့အချိန်အထိ သတင်းလျှို့ဝှက်ထားလေ့ရှိပါတယ်။ တချိန်တည်းမှာလည်း နိုင်ငံခြားခေါင်းဆောင်တွေလည်း ယူကရိန်းကို အကြိမ်အတော်များများ လာရောက်ခဲ့ကြပြီး လေကြောင်းအချက်ပေးသံကြားရင် ဘေးကင်းရာ ရှောင်တိမ်းခိုလှုံကြရပါတယ်။ အခုလို ဂရိခေါင်းဆောင်ရဲ့ခရီးစဉ်အတွင်း တိုက်ခိုက်မှုအပေါ် ဥရောပကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen ကလည်း X လူမှုမီဒီယာပေါ်မှာ ရှုတ်ချပြစ်တင်ပါတယ်။ ဒါဟာ ရုရှားရဲ့ နောက်ထပ် အကြမ်းဖက်လုပ်ရပ်ဖြစ်တယ်လို့ သုံးနှုံးရေးသားခဲ့ပါတယ်။

ယူကရိန်းသမ္မတ ဇာလန်းစကီးယာဉ်တန်းအနီး ရုရှားဒုံးကျ
please wait

No media source currently available

0:00 0:00:56 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG