ကာဗွန်ဖိုင်ဘာ
ပေါ့ပါးပြီး၊ သံမဏိထက် သုံးဆခိုင်ခန့် သလို သံချေးလည်းမတက်တဲ့ ကာဗွန်ဖိုင်ဘာဟာ ပါးလွှာတဲ့ ပုံဆောင်ခဲမျှင်တွေပါတဲ့ ပိုလီမာဖြစ်ပြီး၊ ကာဗွန်အဓိကပါဝင်တဲ့ ပလပ်စတစ်ပစ္စည်း တမျိုးပါ။ သူဟာလူတွေကို အတော်အကျိုးပြုနိုင်တဲ့အတွက် အနာဂတ်မှာ အဓိက နေရာယူလာမယ့် ပစ္စည်းလို့ ဓါတုပညာရှင် ဒေါက်တာခင်မောင်ညိုက ပြောပါတယ်။ ဒေါ်ခင်မျိုးသက်က မေးမြန်း တင်ပြထားပါတယ်။
Forum