သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထောက်ပံ့ရေး ထရပ်ကားတွေ ဂါဇာထဲဝင်လာတဲ့ဗီဒီယို အစ္စရေးလ်ပြသ

ဂါဇာဒေသကို သွားပို့မယ့် စာနာမှုအကူအညီတွေ တင်ဆောင်ထားတဲ့ ထရပ်ကားများ။ (Photo: Israeli army) April 12, 2024
ဂါဇာဒေသကို သွားပို့မယ့် စာနာမှုအကူအညီတွေ တင်ဆောင်ထားတဲ့ ထရပ်ကားများ။ (Photo: Israeli army) April 12, 2024


ဂါဇာဒေသအတွက် ထောက်ပံ့ရေးပစ္စည်း တင်ပို့ရာ လမ်းကြောင်းသစ်ကနေ လူသားစာနာမှုပစ္စည်းတင် ထရပ်ကားတွေ ပထမဆုံးဝင်လာတဲ့ ဗီဒီယိုကို အစ္စရေးအစိုးရက သောကြာနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

အစ္စရေးအစိုးရရဲ့ ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ COGAT က ထုတ်ပြန်ခဲ့တဲ့ ဗီဒီယိုထဲမှာ ပစ္စည်းတင်ထရပ်ကားတွေ ကြာသပတေးညနဲ့ သောကြာနေ့တွေမှာ ဂါဇာဒေသတွင်း ဝင်ရောက်လာတာကို ဖေါ်ပြထားတာပါ။

အစ္စရေးကာကွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ဂိတ် အာဏာပိုင်တွေနဲ့ လုံခြုံရေးတာဝန်ခံတွေက Kerem Shalom နယ်စပ်ဂိတ်မှာ ပစ္စည်းတွေကို စစ်ဆေးပြီးမှ ထရပ်ကားပေါင်း ၂၁၃ စင်းကို ဂါဇာဒေသတွင်း ပေးဝင်ခဲ့တာ ဖြစ်ပါတယ်။ အသစ်ဖွင့်ပေးခဲ့တဲ့ ဒီနယ်စပ်ဂိတ်က ပစ္စည်းတွေတင်ပို့ခွင့်ပြုတဲ့ ဒီဗီဒီယိုနဲ့ပတ်သက်ပြီး ရိုက်တာနဲ့ အေအက်ဖ်ပီ သတင်းဌာနတွေကတော့ စစ်မှန်မှု ရှိမရှိ အတည်မပြုသေးပါဘူး။

တချိန်ထဲမှာပဲ ဂါဇာတောင်ပိုင်းက ခန်းယူနစ်မြို့ကို သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က အဲဒီက ဆေးရုံဆေးခန်းတွေမှာ လူနာတွေအတွက် အောက်ဆီဂျင်အပြင် ရေနဲ့ မီးပါ မရတော့ပဲ၊ ရေဆိုးစနစ်လည်း ပျက်စီးနေပြီး ဆေးရုံလည်ပတ်နိုင်တဲ့အခြေနေ မရှိတော့ဘူးလို့ သောကြာနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

အစ္စရေးတပ်တွေ ထွက်ခွါသွားတဲ့နောက် နေဆာ ဆေးရုံဝင်း၊ အယ်အက်ဆာနဲ့ အယ်ခါယာ ဆေးရုံတွေကို WHO အဖွဲ့က သွားရောက် ဆန်းစစ်ခဲ့တာဖြစ်ပြီး ဂါဇာတောင်ပိုင်းက ကျန်းမာရေးဝန်ဆောင်မှုစနစ်ဟာ ပျက်စီးသွားပြီလို့ ပြောပါတယ်။ သောကြာနေ့ကပ ဲ ဟက်ဇ်ဘိုလာ စစ်သွေးကြွတွေက လက်ဘနွန်တောင်ပိုင်းကနေ အစ္စရေးမြောက်ပိုင်းကို ဒါဇင်နဲ့ချီတဲ့ Katyusha ဒုံးကျည်တွေနဲ့ ပစ်ခတ် တိုက်ခိုက်တာ ခံခဲ့ရတယ်လို့ အစ္စရေးမီဒီယာတွေမှာ ရေးပါတယ်။

ထောက်ပံ့ရေး ထရပ်ကားတွေ ဂါဇာထဲဝင်လာတဲ့ဗီဒီယို အစ္စရေးလ်ပြသ
please wait

No media source currently available

0:00 0:01:03 0:00
တိုက်ရိုက် လင့်ခ်

Forum

​
XS
SM
MD
LG