သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ အာရှမှာ အပူဒဏ်ကြောင့် သေဆုံးမှုတွေရှိ


ရန်ကုန်မြို့ ဆိပ်ကမ်းအနီးသွားလာနေသူများ (ဧပြီ ၁၉၊ ၂၀၂၄)
ရန်ကုန်မြို့ ဆိပ်ကမ်းအနီးသွားလာနေသူများ (ဧပြီ ၁၉၊ ၂၀၂၄)

မြန်မာအပါအဝင် အရှေ့တောင်အာရှနဲ့ တောင်အာရှနိုင်ငံတွေမှာ အခုသီတင်းပတ်တွေအတွင်း အပူလှိုင်းဝင်ရောက်နေတာကြောင့် အသက်ဆုံးရှုံးမှုတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၈ ရက်၊​ တနင်္ဂနွေနေ့က မြန်မာနိုင်ငံ၊ ချောက်မြို့မှာ အပူချိန် ၄၈.၂ ဒီဂရီ ဆဲလ်စီယပ် ရှိခဲ့တာကြောင့် ဒါဟာ မြန်မာနိုင်ငံတဝန်း ၅၆ နှစ်အတွင်း အမြင့်ဆုံး အပူချိန်ဖြစ်တယ်လို့ မိုးဇလပညာရှင်တွေက ပြောပါတယ်။ ချောက်မြို့မှာ အပူရှိန်ကြောင့် သေဆုံးသူ ဆယ်ဂဏန်းနဲ့ချီ ရှိတယ်လို့ ဒေသတွင်း လူမှုကူညီရေးအသင်းတွေက ပြောပေမဲ့ သေဆုံးသူအရေအတွက် အတိအကျကိုတော့ သီးခြား အတည်ပြုလို့ မရသေးပါဘူး။

အိမ်နီးချင်း ထိုင်းနိုင်ငံမှာလည်း အလားတူ အပူရှိန် အလွန်အကျွန် မြင့်တက်နေတာကြောင့် ဧပြီလအတွင်းမှာတင် သေဆုံးသူ အနည်းဆုံး ၃၀ ရှိခဲ့တယ်လို့ ဆိုပါတယ်။​

အပူလှိုင်းဒဏ်ကြောင့် အိန္ဒိယနိုင်ငံတောင်ပိုင်း၊ Kerala ပြည်နယ်မှာ အသက် ၉၀ အရွယ် အမျိုးသမီးတဦးနဲ့ အသက် ၅၃ နှစ်အရွယ် အမျိုးသားတဦးတို့ မနေ့ က သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။​ အဲဒီ ဒေသမှာ အပူချိန်ဟာ ပုံမှန်ထက် ၅.၅ ဒီဂရီ ဆဲလ်စီးယပ် ၄၁.၉ ဒီဂရီ ဆဲလ်စီးယပ် ရှိခဲ့တယ်လို့ ဆိုပါတယ်။​

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတော့ အပူဒဏ်ပြင်းလွန်းတာကြောင့် စာသင်ကျောင်းတွေအားလုံးပိတ်ထားဖို့ တရားရုံးက မနေ့ တနင်္လာနေ့မှာ အမိန့်ထုတ်လိုက်ပါတယ်။​ ဖိလစ်ပိုင်နိုင်ငံမှာလည်း တခြား အာရှနိုင်ငံတွေနည်းတူ အပူလှိုင်းဒဏ်ခံနေရတဲ့အပြင် မိုးခေါင်မှုနဲ့ပါ ကြုံနေရတာကြောင့် စိုက်ပျိုးရေးအတွက် လယ်သမားတွေ အခက်ကြုံနေကြရပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG