သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းပဋိပက္ခဆွေးနွေးပွဲ ရုရှားတက်မည်မဟုတ်

ယူကရိန်းသမ္မတ Volodymyr Zelenskyy နဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Cameron တွေ့ဆုံနေစဉ် (မေ ၂၊ ၂၀၂၄)
ယူကရိန်းသမ္မတ Volodymyr Zelenskyy နဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Cameron တွေ့ဆုံနေစဉ် (မေ ၂၊ ၂၀၂၄)

ယူကရိန်းပဋိပက္ခ အဆုံးသတ်နိုင်ရေး ဆွစ်ဇာလန်နိုင်ငံမှာ ကျင်းပမယ့် ဆွေးနွေးပွဲကို တက်ရောက်စရာ အကြောင်း မရှိဘူးလို့ ရုရှားက ကြာသပတေးနေ့က ပြောဆိုလိုက်ပါတယ်။

ယူကရိန်းသမ္မတ Volodymyr Zelenskyy ရဲ့ တောင်းဆိုချက်နဲ့ ဆွစ်ဇာလန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံပြီး ဇွန်လ ၁၅ ရက်နဲ့ ၁၆ ရက် နေ့တွေမှာ ဆွေးနွေးပွဲတွေ လုပ်ဖို့ ပြင်နေတာပါ။ ဒီဆွေးနွေးပွဲ တက်ရောက်ဖို့ နိုင်ငံပေါင်း ၁၀၀ ကျော်ကို ဖိတ်ခေါ်သွားမယ်လို့ ဆွစ်ဇာလန်နိုင်ငံခြားရေး ဝန်ကြီး Ignazio Cassis က ပြောပါတယ်။

ပထမဆုံးအကြိမ် ဆွေးနွေးပွဲမှာ မပါနိုင်ရင်တောင် ရှေ့ဆက် ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေမှာတော့ ရုရှား မပါလို့မဖြစ်တာကြောင့် ဒါနဲ့ပတ်သက်လို့ ယူကရိန်း ပြီးရင် ပထမဆုံး စကားပြောခဲ့တဲ့ နိုင်ငံက ရှရှားပါပဲလို့လည်း နိုင်ငံခြားဝန်ကြီး Cassis က Bern မြို့တော်မှာ သတင်းထောက်တွေကို ပြောဆိုသွားပါတယ်။

ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba ကလည်း ရုရှားကို စစ်ရေးအရ ဖိအားပေးတဲ့ တချိန်တည်းမှာ တူညီတဲ့ စံတန်ဖိုးတွေကို လက်ကိုင်ထားကြတဲ့ နိုင်ငံတွေအားလုံး ပူးပေါင်း ဖိအားပေးခြင်းအားဖြင့် တွေ့ဆုံဆွေးနွေးမှုတွေမှာ ရုရှား ပါလာအောင် လုပ်နိုင်လိမ့်မယ်လို့ ပြောပါတယ်။

လောလောဆယ်မှာတော့ ရှေ့လ ဆွေးနွေးပွဲ တက်ရောက်ဖို့ ရုရှားကို ဖိတ်ခေါ် မထားသေးတဲ့အကြောင်းနဲ့ ရုရှားဘက်က တက်ရောက်လို့တဲ့ ဆန္ဒရှိရင်တော့ လမ်းဖွင့်ထားပါတယ်လို့ ဆွစ်ဇာလန် အစိုးရက ကြာသပတေးနေ့က ပြောပါတယ်။ ဒါပေမဲ့ ရုရှား ကတော့ ဒီဆွေးနွေးပွဲ တက်ဖို့ စိတ်မဝင်စားဘူးလို့ ပြောဆိုနေတာ ဖြစ်ပါတယ်။

ယူကရိန်းပဋိပက္ခဆွေးနွေးပွဲ ရုရှားတက်မည်မဟုတ်
please wait

No media source currently available

0:00 0:00:58 0:00
တိုက်ရိုက် လင့်ခ်

Forum

​
XS
SM
MD
LG