သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“ယူကရိန်းအတွက် စစ်အထောက်အပံ့များ ပို့ဆောင်နေပြီ” NATO အကြီးအကဲ


ယူကရိန်းသမ္မတ Volodymyr Zelenskiy (ယာ) နဲ့ နေတိုးအကြီးအကဲ Jens Stoltenberg တို့ ယူကရိန်းနိုင်ငံ Kyiv မြို့မှာ တွေ့ဆုံပြီး (ဧပြီ ၂၉၊ ၂၀၂၄)
ယူကရိန်းသမ္မတ Volodymyr Zelenskiy (ယာ) နဲ့ နေတိုးအကြီးအကဲ Jens Stoltenberg တို့ ယူကရိန်းနိုင်ငံ Kyiv မြို့မှာ တွေ့ဆုံပြီး (ဧပြီ ၂၉၊ ၂၀၂၄)

ရုရှားနဲ့စစ်ရင်ဆိုင်နေရတဲ့ ယူကရိန်းကိုအားဖြည့်ဖို့ အကူအညီတွေပို့ဆောင်ထားပြီလို့ ယူကရိန်းနိုင်ငံ Kyiv မြို့ကိုရောက်ရှိလာတဲ့ NATO မြောက်အတ္တလန်တိတ်စစ်စာချုပ်အဖွဲ့ အကြီးအကဲ Jens Stoltenberg က ပြောပါတယ်။

ယူကရိန်းဘက်က အဆုံးအရှုံးတွေ ရှိနေပေမဲ့လည်း လက်နက်အကူအညီတွေ မြန်မြန်ဆန်ဆန်ရောက်လာတနဲ့အမျှ ယူကရိန်းဟာ ရုရှားခုခံစစ်မှာအနိုင်ယူဖို့ နောက်မကျသေးဘူးလို့လည်း ပြောပါတယ်။ ယူကရိန်းမှာ စစ်လက်နက်ခဲယမ်းတွေ လနဲ့ချီပြတ်တောက်ပြီး ချွေတာနေရပေမဲ့ ရုရှားခုခံစစ်ကိုအနိုင်ယူဖို့ နောက်မကျသေးပါဘူးလို့ NATO အကြီးအကဲက ယူကရိန်းသမ္မတနဲ့အတူ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

ယူကရိန်းအတွက် အမေရိကန်စစ်လက်နက်အကူအညီတွေ လနဲ့ချီ နောက်ကျနေတာကိုလည်း NATO အကြီးအကဲ က ဝေဖန်ပါတယ်။ ဒါဟာ စစ်မြေပြင်မှာ ကြီးမားတဲ့သက်ရောက်မှုဖြစ်စေတယ်လို့ ဆိုပါတယ်။ မဟာမိတ်နိုင်ငံတွေအနေနဲ့ ယူကရိန်းကို ပေးထားတဲ့ ကတိကဝတ်တွေ အချိန်မီဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့တယ်လို့လည်း NATO အကြီးအကဲက ဝန်ခံပါတယ်။ အခုလို လက်နက်ခဲယမ်းပြတ်တောက်လို့ ရုရှားဘက်က ရှေ့တန်းမှာ အသာရလာတယ်၊ လေကြောင်းကာကွယ်ရေးစနစ်တွေ မရှိလို့ ရုရှားဒုံးကျည်တွေကို ပစ်မှတ်ပိုပြီး ထိရောကစေတယ်၊ တန်ပြန်ထိုးစစ်မဆင်နိုင်လို့ ရုရှားက သူ့အားကို ပိုပြီးသုံးလာနိုင်တယ်လို့ Stoltenberg ကပြောပါတယ်။

ယူကရိန်းစစ်ရေးအကူအညီတွေကို လွှတ်တော်က မကြာခင်ကပဲ အတည်ပြုပေးလို့ အခုဆိုရင် လုံခြုံရေးအကူအညီတွေ လမ်းခရီးရောက်နေပါပြီလို့ အမေရိကန်သ မ္မတအိမ်တော်ကတော့ ပြောထားပါတယ်။

“ယူကရိန်းအတွက် စစ်အထောက်အပံ့များ ပို့ဆောင်နေပြီ” NATO အကြီးအကဲ
please wait

No media source currently available

0:00 0:01:01 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG