သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်း-NATO ကာကွယ်ရေးဝန်ကြီးများ ပထမဆုံးအကြိမ်တွေ့ဆုံ 


ယူကရိန်းကာကွယ်ရေးဝန်ကြီး Rustem Umerov (ဝဲ) နဲ့ ဆွိဒင်ကာကွယ်ရေးဝန်ကြီးတို့ နေတိုး-ယူကရိန်းကောင်စီအစည်းအဝေးကျင်းပရာ နေတိုးဌာနချုပ်မှာ တွေ့ဆုံကြစဥ်။ (အောက်တိုဘာ ၁၁၊ ၂၀၂၃/အေပီ)
ယူကရိန်းကာကွယ်ရေးဝန်ကြီး Rustem Umerov (ဝဲ) နဲ့ ဆွိဒင်ကာကွယ်ရေးဝန်ကြီးတို့ နေတိုး-ယူကရိန်းကောင်စီအစည်းအဝေးကျင်းပရာ နေတိုးဌာနချုပ်မှာ တွေ့ဆုံကြစဥ်။ (အောက်တိုဘာ ၁၁၊ ၂၀၂၃/အေပီ)

နေတိုးဌာနချုပ်ရှိရာ ဘယ်ဂျီယန်နိုင်ငံ ဘရပ်ဆဲလ်မှာ ဗုဒ္ဓဟူးနေ့ကကျင်းပတဲ့ ပထမအကြိမ် နေတိုး-ယူကရိန်းကောင်စီအစည်းအဝေးကို ယူကရိန်းကာကွယ်ရေးဝန်ကြီး Rustem Umerov တက်ရောက်ခဲ့ပါတယ်။

Umerov ဟာ NATO ကာကွယ်ရေးဝန်ကြီးတွေနဲ့ ဘုံအကျိုးစီးပွားနဲ့ စိုးရိမ်ချက်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ပါတယ်။ ဒီနေတိုး-ယူကရိန်း ဖိုရမ်က ယူကရိန်းနဲ့ အတ္တလန္တိတ်ဖြတ်ကျော်မဟာမိတ်အဖွဲ့ကြား ပိုမိုနီးကပ်လာစေဖို့ ကြိုးပမ်းချက်တစိတ်တပိုင်းအဖြစ် ဇူလိုင်လတုန်းက တရားဝင်ဖွဲ့စည်းခဲ့တာပါ။ ဗုဒ္ဓဟူးနေ့အစောပိုင်းမှာ ယူကရိန်းသမ္မတ Volodymyr Zelenskyy ကလည်း နေတိုးဌာနချုပ်မှာ ကမ္ဘာတဝန်းက ကာကွယ်ရေး အကြီးအကဲ ၅၀ ကျော်ရဲ့ အစည်းအဝေးကို တက်ရောက်ခဲ့ပါတယ်။

အမေရိကန်ရဲ့ နိုင်ငံရေးအရထောက်ခံအားပေးမှုတွေ အားလျော့လာနေချိန် တခါ ဟားမတ်စ်စစ်ပွဲကြောင့် အစ္စရေးကို လက်နက်တွေပံ့ပိုးဖို့ ဖိအားအသစ်တွေ ရင်ဆိုင်နေရချိန်မှာ Zelenskyy က ယူကရိန်း အတွက် စစ်ရေးအကူအညီရနိုင်ရေး မဟာမိတ် နိုင်ငံတွေနဲ့ လူကိုယ်တိုင် သွားရောက်တွေ့ဆုံ စည်းရုံးနေတာလည်း ဖြစ်ပါတယ်။

နေတိုးနိုင်ငံတွေကတော့ နောက်ထပ်တကြိမ် ဆောင်းရာသီစစ်ပွဲကြီး ဆင်နွှဲရတော့မယ့် ယူကရိန်းကို စစ်လက်နက်ပစ္စည်းတွေ ဆက်ထောက်ပံ့ပေးမယ်လို့ ဗုဒ္ဓဟူးနေ့မှာ အာမခံထားပါတယ်။ Zelenskiy ဟာ မနှစ် ဖေဖော်ဝါရီ၊ ရုရှားက ယူကရိန်းကို ကျူးကျော်မှုစတင်ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ဘရပ်ဆဲလ်က နေတိုးဌာနချုပ်ကို လာရောက်လည်ပတ်ချိန်မှာပဲ နေတိုးကာကွယ်ရေးအကြီးအကဲတွေက ဒီလို အကူအညီတွေ ဆက်ပေးမယ် ဆိုတဲ့ အာမခံချက်ကို ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။

ယူကရိန်း-NATO ကာကွယ်ရေးဝန်ကြီးများ ပထမဆုံးအကြိမ်တွေ့ဆုံ
please wait

No media source currently available

0:00 0:01:22 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG