သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အောင်ပွဲရဖို့ အခွင့်အလမ်းပေါ်လာပြီလို့ ယူကရိန်းသမ္မတတုံ့ပြန် 


ယူကရိန်းသမ္မတ Volodymyr Zelenskyy
ယူကရိန်းသမ္မတ Volodymyr Zelenskyy

ယူကရိန်းသမ္မတ Volodymyr Zelenskyy က ရုရှားနဲ့ရင်ဆိုင်တွေ့နေတဲ့တိုက်ပွဲမှာ ယူကရိန်းဘက်ကအောင်ပွဲရဖို့ အခွင့်အလမ်းတခု ပေါ်လာပြီလို့ တနင်္ဂနွေနေ့က ပြောပါတယ်။ သမ္မတဂျိုးဘိုင်ဒန်ကထောက်ခံထားတဲ့ ယူကရိန်းကိုပေးအပ်မယ့် စစ်ရေးအကူအညီဆိုင်ရာမူကြမ်းတရပ်ကို အမေရိကန်ကွန်ဂရက်လွှတ်တော်မှာ အတည်ပြုဖို့ နီးကပ်လာချိန်မှာပဲ သမ္မတ Zelenskyy ကအဲဒီလိုပြောဆိုလိုက်တာပါ။

ယူကရိန်းကို နောက်ထပ်ကူညီဖို့ လက်ယာစွန်း ရီပတ်ဘလစ်ကန်အမတ်တချို့က ကန့်ကွက်နေတဲ့ကြားမှာပဲ အောက်လွှတ်တော်က ယူကရိန်းအတွက် ဒေါ်လာ ၆၁ ဘီလီယံနီးပါးပေးဖို့ စနေနေ့က အတည်ပြုခဲ့ကြတာပါ။ အဲဒီမူကြမ်းကို အထက်လွှတ်တော်က ဒီသီတင်းပတ်အတွင်း အတည်ပြုပေးပြီးရင်တော့ သမ္မတဘိုင်ဒန်က နောက်ဆုံးလက်မှတ်ထိုးရဦးမှာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံဟာ ယူကရိန်းစစ်ပွဲအတွက် အဓိကကူညီထောက်ပံ့ပေးနေတဲ့နိုင်ငံဖြစ်ပါတယ်။

ယူကရိန်းနောက်ထပ်လိုအပ်တဲ့အကူအညီတွေကို အမေရိကန်လွှတ်တော်ကအတည်မပြုနိုင်ဘဲ လနဲ့ချီ ကြန့်ကြာနေတဲ့အတွက် ယူကရိန်းတပ်ဖွဲ့တွေလည်း ရှေ့တန်စစ်မြေပြင်မှာ ရှုံးနိမ့်နေခဲ့ရတာဖြစ်ပါတယ်။ ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုတွေနဲ့ ၂ နှစ်ကျော်ရင်ဆိုင်နေရတဲ့ တိုက်ပွဲတွေလည်း ရပ်တန့်လုနီးပါးဖြစ်လာနေပါတယ်။

သမ္မတဘိုင်ဒန်ကလည်း ဒီမူကြမ်းကို သူ့ဘက်က အမြန်ဆုံးလက်မှတ်ထိုးအတည်ပြုနိုင်အောင် အထက်လွှတ်တော်က အမြန်ဆုံးမဲပေးအတည်ပြုပေးကြဖို့ စနေနေ့ကပဲ တိုက်တွန်းပြောဆိုထားပါတယ်။ ဒါမှသာ ယူကရိန်းရှေ့တန်းစစ်မျက်နှာမှာ အရေးတကြီးလိုအပ်နေတဲ့ စစ်လက်နက်တွကို အလျင်အမြန်ပေးပို့နိုင်မယ်လို့လည်း ပြောခဲ့ပါတယ်။​

အောင်ပွဲရဖို့ အခွင့်အလမ်းပေါ်လာပြီလို့ ယူကရိန်းသမ္မတတုံ့ပြန်
please wait

No media source currently available

0:00 0:01:08 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG