သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အကူအညီပေးဖို့ ကန်အောက်လွှတ်တော်ကို ယူကရိန်းသမ္မတ တိုက်တွန်း 


ယူကရိန်းသမ္မတ Volodymyr Zelenskyy
ယူကရိန်းသမ္မတ Volodymyr Zelenskyy

ယူကရိန်းကို စစ်ရေးအကူပေးရေးဥပဒေကြမ်းကို အောက်လွှတ်တော်မှာမဲခွဲဖို့ အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌနဲ့ပြောခဲ့ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လင်စကီက ပြောပါတယ်။

“အမေရိကန်အောက်လွှတ်တော်မှာ ယူကရိန်းအကူပေးရေးဥပဒေကျဖို့က အလွန့်ကို အရေးကြီးလှပါတယ်။ အောက်လွှတ်တော်အမတ်တွေကြားမှာ ဘယ်လိုဆက်လုပ်မလဲဆိုတာနဲ့ပတ်သက်လို့ မတူတဲ့အမြင်တွေရှိတာကို ကျနော်တို့ အသိအမှတ်ပြုပါတယ်။ ဒါပေမဲ့ ယူကရိန်း အကူပေးရေးကိစ္စကို ညီညွတ်ရေးအကြောင်းအချက်အဖြစ် စဥ်းစားဖို့က သော့ချက်ဖြစ်ပါတယ်။” လို့ လူမှုမီဒီယာ X ပေါက်မှာ ကြာသပတေးနေ့က ရေးသားပါတယ်။

အမေရိကန်နဲ့မက္ကဆီကိုနယ်စပ်က လုံခြုံရေးနဲ့ပတ်သက်ပြီး အားမရတာကြောင့် အစ္စရေး၊ ထိုင်ဝမ်၊ ယူကရိန်းအကူအညီပေးရေး လုံခြုံရေးဆိုင်ရာ ဥပဒေမူကြမ်းတရပ်လုံးကို အောက်လွှတ်တော်က မဲမခွဲသေးဘဲ ဆိုင်းငံ့ထားတာပါ။ ရုရှားရဲ့ ယူကရိန်းစစ်ဆိုင်ရာ အရင်းအမြစ်တွေကို ဖြတ်တောက်ရေးလည်း ဆွေးနွေးခဲ့ကြတယ်လို့ သမ္မတဇယ်လင်စကီးက ဆိုပါတယ်။ ရုရှားတပ်တွေက ဒရုန်း ၂၈ စင်း၊ ဒုံးကျည် ၅ စင်းနဲ့ ညက တိုက်ခိုက်ခဲ့ပြီး ဒရုန်း ၂၆ စင်းကိုပစ်ချခဲ့တယ်လို့ ယူကရိန်းလေတပ်က ကြာသပတေးနေ့ကပြောပါတယ်။

စစ်အကူအညီပေးရေး ကန်အောက်လွှတ်တော်ကိုယူကရိန်းသမ္မတတိုက်တွန်း
please wait

No media source currently available

0:00 0:01:00 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG