သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျုံအိတ်တံတား မိုင်းခွဲခံရ


သထုံနဲ့ ဘီးလင်းမြို့နယ်ကြား ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်မှာရှိတဲ့ ကျုံအိတ် တံတား မေလ ၁၁ ရက်နေ့ မနက်အစောပိုင်းမှာ မိုင်းခွဲခံရ။ (Photo: Citizen Journalist)
သထုံနဲ့ ဘီးလင်းမြို့နယ်ကြား ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်မှာရှိတဲ့ ကျုံအိတ် တံတား မေလ ၁၁ ရက်နေ့ မနက်အစောပိုင်းမှာ မိုင်းခွဲခံရ။ (Photo: Citizen Journalist)

ကျုံအိတ်တံတား မိုင်းခွဲခံရ

မွန်ပြည်နယ် ရန်ကုန်-မော်လမြိုင်သွား ပြည်ထောင်စုလမ်းမ ပေါ်ရှိ ဘီးလင်း ကျုံအိတ်တံတားဟာ မေလ ၁၁ရက်နေ့မနက် အစောကြီးက မိုင်းခွဲခံရပြီး ခရီးသွားလာလို့မရအောင် တံတားက ကျိုးသွားပါတယ်။ မေလ ၁၀ရက်နေ့ညပိုင်းက သထုံဘီလင်းဘက်မှာ တိုက်ပွဲတွေဖြစ်ပြီးနောက် အခုလိုတံတားမိုင်းခွဲခံရတာဖြစ်ပါတယ် ။ စစ်ကောင်စီကတော့ ဒီ ကျုံအိတ်တံတားကို KNLA နဲ့ PDF တွေ က မိုင်းထောင်ဖေါက်ခွဲတာ ဖြစ်ကြေင်း သတင်းထုတ်ပြန်ပါတယ်။ ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။


မွန်ပြည်နယ် သထုံနဲ့ ဘီးလင်းမြို့နယ်ကြား ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်မှာရှိတဲ့ ကျုံအိတ်တံတားဟာမေလ ၁၁ ရက်နေ့ မနက်အစောပိုင်းမှာပဲ မိုင်းခွဲခံရကြောင်း ဒီအတွက် ကားတွေလည်း ပိတ်မိနေပြီး ကားအသွားအလာတွေ မရတော့ကြောင်း ကုန်သည်တဦးက ပြောပါတယ်။

" ဘီးလင်း ရွှေရောင်ပြ ၊ ဘီးလင်းမြို့နယ်ထဲက ရွှေရောင်ပြရွာက ကျုံးအိတ်တံတားပေါ့။ တခြမ်းကျန်နေတာလေ တံတားကို ဆက်ချိုးလိုက်တာ အရင်တုန်းက တံတားကတခြမ်းကျန်နေတာလေ မနက် ၃ နာရီလောက်ကပေါ့ အရင်တခြမ်းကျန်နေတာ တံတားကိုဘေလီ(သံတံတား) ထိုးတာတာ အခုကတော့ တခြမ်းက အရင်က သွားလို့ရတယ် အခုထပ်ချိုးလိုက်တော့ နှစ်ဖက်လုံးသွားမရတော့ဘူး။"

ရန်ကုန် မော်လမြိုင်ကားတွေကတော့ ဆက်သွားလို့ မရတော့တာကြောင့် ခရီးသည်တင်ယာဉ်တွေက လက်မှတ်တွေ ဝယ်ထားတဲ့သူတွေကို ငွေတွေ ပြန်အမ်းပေးနေပါတယ်။ အခုဆိုရင် ရန်ကုန် မော်လမြိုင်ခရီးသည် ကားတွေ ကုန်တင်ကားတွေလည်း လှည့်ပြန်နေရပါတယ်။ ပြည်သူ ေတွအတွက် ဒီလမ်းဟာ စားဝတ်နေရေးအတွက် သွားလာနေရတဲ့ လမ်းဖြစ်သလို ကုန်စည် စီးဆင်းမူတွေ ရပ်တန့်သွားနိုင်တဲ့အတွက် ကုန်စျေးနှုန်း ကြီးမြင့်မှာကို စိုးရိမ်ပူပန်နေကြပါတယ်။

၂၀၂၃ ခုနှစ် ဇွန်လ ၂၈ ရက်တုန်းကတော့ ပထမအကြိမ် မိုင်းခွဲခံရပြီး တံတားတခြမ်း ပျက်စီးသွားခဲ့ပြီးနောက် အခုအခါမှာ ဒုတိယအကြိမ်အဖြစ် ထပ်မံ မိုင်းခွဲ ခံရခြင်းဖြစ်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ဘီးလင်းနဲ့ သထုံမြို့အကြားက ကျုံအိတ်တံတားကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA/PDF ပူးပေါင်းတပ်တွေက ပြီးခဲတဲ့နှစ် ဇွန်လ ၂၈ ရက်နေ့က မိုင်းခွဲ ဖျက်ဆီးခဲ့တုန်းကတော့ အိမ်စီးကား ၃ စီး တံတားအောက် ထိုးကျပြီး လူတဦး သေဆုံးခဲ့ပါတယ်။

နောက်တရက် ဇွန်လ ၂၉ ရက်နေ့မှာတော့ တံတား မိုင်းခွဲခံရတာကို စစ်ဆေးဖို့ရောက်လာတဲ့ အမှတ် ၃၀၁၄ လေကြောင်းရန်ကာကွယ်ရေး တပ်ရင်း၊ သထုံမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်တွေ၊ အမှတ် ၃၀၁၄ လေကြောင်းရန် ကာကွယ်ရေးတပ်က တာဝန်ရှိသူတွေ၊ အမှတ် ၉ စစ်အခြေခံ လေ့ကျင့်ရေးတပ်က တာဝန်ရှိသူတွေဟာလည်း ဒရုန်းနဲ့ တိုက်ခိုက်ခံရတာကြောင့် သေဆုံးဒဏ်ရာရတာတွေ အများအပြားဖြစ်ခဲ့ဖူးပါတယ် ။

အခု တံတားမိုင်းခဲွ ခံရတာနဲ့ပတ်သက်လို့တော့ ဘယ်သူတွေရဲ့ လက်ချက်ဖြစ်တယ် ဆိုတာကိုတော့ ဘယ်အဖဲွ့အစည်းမှ ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။

ကျုံအိတ်တံတား မိုင်းခွဲခံရ
please wait

No media source currently available

0:00 0:02:07 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG