သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းအရှေ့မြောက်က မြို့ရွာတချို့ ရုရှားသိမ်းပိုက်


ယူကရိန်း−ရုရှား စစ်ပွဲ (May 11, 2024)
ယူကရိန်း−ရုရှား စစ်ပွဲ (May 11, 2024)

ယူကရိန်းသမ္မတ Volodymyr Zelenskyy ကလည်း Kharkiv ဒေသထဲက နယ်စပ်ရွာ ၇ ရွာ ဝန်းကျင်မှာ တိုက်ပွဲတွေ ဖြစ်ပွါးနေကြောင်းနဲ့ Donesk တောင်ပိုင်းဒေသမှာ အခြေနေတွေ အထူး တင်းမာနေတယ်လို့ စနေည ရုပ်သံမိန့်ခွန်းမှာ ပြောပါတယ်။

ယူကရိန်းအရှေ့မြောက်ပိုင်းမှာ ဒုတိယနေ့အဖြစ် ပြင်းထန်တဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွါးနေပြီး အဲဒီဒေသက မြို့ရွာ ၅ ခုကို ရုရှားတပ်တွေ သိမ်းပိုက်နိုင်ပြီလို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပေမယ့် ယူကရိန်းကတော့ အတည်မပြုပါဘူး။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ရုရှားတပ်တွေဟာ ရုရှားပိုင်း ဘယ်လ်ဂရော့ ဒေသနဲ့ ကပ်ရက်မှာရှိတဲ့ ယူကရိန်းပိုင် Kharkiv ဒေသထဲက ပလက်တန်နိဗ်ကာ၊ အိုဟာစိဗ်၊ ဘိုရိုင်စိဗ်ကာ၊ ပိုင်လ်နာနဲ့ စတာလက်ချာ ရွာတွေကို သိမ်းပိုက်ထားနိုင်ပြီလို့ ကြေညာတာပါ။ ယူကရိန်းအရာရှိတွေကတော့ ရုရှားတွေ အခုလို သိမ်းပိုက်နိုင်ပြီဆိုတာကို အတည်မပြုပါဘူး။

ဒါပေမဲ့ စစ်ရေးလေ့လာတဲ့ ဌာနကတော့ ရုရှားဘက်က အနည်းဆုံး ရွာတရွာကိုတော့ သိမ်းထားနိုင်တာ သေချာတယ်လို့ ပြောပါတယ်။

အမေရိကန် လွှတ်တော်နဲ့ ယူကရိန်း အကူအညီ
please wait

No media source currently available

0:00 0:03:15 0:00

ဝါရှင်တန်အခြေစိုက် မူဝါဒရေးရာဌာနကတော့ အခု နောက်ဆုံး ရုရှားတွေရဲ့အောင်မြင်မှုဟာ မဟာဗျူဟာအရ အရေးပါတယ်လို့ ပြောပါတယ်။ Kharkiv အုပ်ချုပ်ရေးမှုးကလည်း နယ်စပ်ကနေ ၂ မိုင် - ၃ မိုင်လောက် အကွာမှာရှိတဲ့ ဒီရွာ ၅ ရွာမှာ တိုက်ပွဲတွေဖြစ်ပွါးနေတယ်လို့ ပြောပါတယ်။

ယူကရိန်းသမ္မတ Volodymyr Zelenskyy ကလည်း Kharkiv ဒေသထဲက နယ်စပ်ရွာ ၇ ရွာ ဝန်းကျင်မှာ တိုက်ပွဲတွေ ဖြစ်ပွါးနေကြောင်းနဲ့ Donesk တောင်ပိုင်းဒေသမှာ အခြေနေတွေ အထူး တင်းမာနေတယ်လို့ စနေည ရုပ်သံမိန့်ခွန်းမှာ ပြောပါတယ်။ ရုရှားတွေ ထိုးစစ်ဆင်လာတာကြောင့် ဒေသခံ ၁၇၀၀ ကျော် နေအိမ်တွေ စွန့်ခွါပြီး ဘေးလွတ်ရာ ရှောင်ပြေးနေရတယ်လို့လည်း ယူကရိန်းအာဏာပိုင်တွေက ပြောပါတယ်။

ယူကရိန်းကို ရုရှား ဝင်ရောက်ကျူးကျော် တိုက်ခိုက်လာတာ ၂ နှစ်ကျော်လာချိန်မှာ ရုရှားက အခုလို မြို့ရွာတွေ ထပ်သိမ်းလာနိုင်သလို၊ ယူကရိန်းဘက်ကတော့ လက်နက်ခဲယမ်းနဲ့ လေကြောင်းကာကွယ်ရေး အားလျော့လာတဲ့ အပြင် လူအင်အားပါ မလုံလောက်ပဲ ဖြစ်လာနေတာပါ။ ယူကရိန်းသမ္မတ Zelenskyy ကတော့ ယူကရိန်းကို အနောက်မဟာမိတ်နိုင်ငံတွေ ကတိပေးထားတဲ့အတိုင်း လက်နက်တွေ အမြန်ပို့ပေးဖို့ စနေနေ့ အစောပိုင်းကပဲ ကြေညာချက် ထုတ်ပြန် တောင်းဆိုခဲ့ပါတယ်။

ယူကရိန်းအရှေ့မြောက်က မြို့ရွာတချို့ ရုရှားသိမ်းပိုက်
please wait

No media source currently available

0:00 0:01:21 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG