သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကိုပေးမယ့် ထိုင်း အကူအညီတွေ ဆိုင်းငံ့ထား


မြဝတီမြို့နယ်စပ်ဂိတ်ကို တွေ့ရစဉ် (ဧပြီ ၁၁၊ ၂၀၂၄)
မြဝတီမြို့နယ်စပ်ဂိတ်ကို တွေ့ရစဉ် (ဧပြီ ၁၁၊ ၂၀၂၄)

မြန်မာနိုင်ငံအတွက် ထိုင်းနိုင်ငံကပေးနေတဲ့ ဖွံ့ဖြိုးရေးအကူအညီတွေကို လုံခြုံရေး အခြေအနေအရ ဆိုင်းငံ့ထားပြီး ပြန်လည်သုံးသပ်ပေးဖို့ ထိုင်းနိုင်ငံ အိမ်နီးချင်းတိုင်းပြည်များအတွက် စီးပွားရေး ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ NEDA အကြီးအကဲက ထိုင်းအစိုးရကို တိုက်တွန်းပါတယ်။

လုံခြုံရေးအခြေအနေအရ မြန်မာနိုင်ငံအတွက် ထိုင်းနိုင်ငံရဲ့ ဖွံ့ဖြိုးရေးစီမံချက်တွေကို စောင့်ကြည့်နိုင်တာမျိုး၊ တိုးတက်မှုအခြေအနေ သုံးသပ်နိုင်တာမျိုး မရှိတဲ့အကြောင်း NEDA အဖွဲ့ရဲ့ ဒါရိုက်တာ Peeramet Wutthithornnetirak ကပြောဆိုတာကို The Nation သတင်းစာမှာ ရေးပါတယ်။

မြန်မာနိုင်ငံအတွက် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေး၊ ငွေကြေးနဲ့ အကြံဉာဏ်ပေးတာတွေ အပါအဝင် ဖွံဖြိုးရေးအကူအညီ တော်တော်များများကို ထိုင်းအစိုးရက စစ်ကောင်စီနဲ့ တလျှောက်လုံး ထိတွေ့ဆက်ဆံပြီး ပေးအပ်ခဲ့ပါတယ်။

စီးပွားရေး ဖွံ့ဖြိုးမှု ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ NEDA အနေနဲ့ မြန်မာနိုင်ငံအတွက် ထိုင်း ဘတ်ငွေ ၂.၄ ဘီလျံရှိတဲ့ စီမံချက် ၇ ခုအတွက်ထောက်ပံ့ခဲ့ပြီး၊ အဲဒီအထဲမှာ ငွေကြေးအရ ဘတ်ငွေ ၂.၃ ဘီလျံနဲ့ အကြံအဉာဏ်ပေးဖို့ ဘတ်ငွေ ၆၇ သန်း သုံးစွဲခဲ့တဲ့အကြောင်း NEDA အကြီးအကဲက ပြောပါတယ်။

လုပ်ကိုင်နေဆဲ စီမံချက်တွေထဲမှာ ရန်ကုန်မြို့ လျှပ်စစ်မီးပေးဝေရေးစနစ် တိုးတက်အောင်လုပ်ဖို့၊ မဟာမဲခေါင်ဒေသခွဲ ဖွံဖြိုးရေး တတိယအဆင့်၊ မြဝတီကနေ ၆၆ kv လျှပ်စစ်ဓါတ်အားလိုင်း အသစ် ဆောက်လုပ်ရေးနဲ့ ထားဝယ်နဲ့ ထိုင်းမြန်မာ နှစ်လမ်းသွား အဝေးပြေးလမ်းမ ဖေါက်လုပ်နိုင်ရေး လေ့လာမယ့် အစီအစဉ်တွေ ပါဝင်ပါတယ်။

မြန်မာကိုပေးမယ့် ထိုင်း အကူအညီတွေ ဆိုင်းငံ့ထား
please wait

No media source currently available

0:00 0:01:20 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG