သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်အရေး ထိုင်းတာဝန်ရှိသူတွေနဲ့ မြန်မာအရပ်ဖက် အဖွဲ့အစည်းတွေဆွေးနွေး


ထိုင်းလွှတ်တော်အမတ်၊ တာဝန်ရှိသူတွေနဲ့ ထိုင်း-မြန်မာနယ်စပ်အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းတချိူ တွေ့ဆုံ (မေ ၁၂၊ ၂၀၂၄)
ထိုင်းလွှတ်တော်အမတ်၊ တာဝန်ရှိသူတွေနဲ့ ထိုင်း-မြန်မာနယ်စပ်အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းတချိူ တွေ့ဆုံ (မေ ၁၂၊ ၂၀၂၄)

ထိုင်းအစိုးရတာဝန်ရှိသူတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ မကြာသေးခင်က မြန်မာအရပ်ဖက် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီး နယ်စပ်ဒေသက မြန်မာဒုက္ခသည်တွေအရေး ဆွေးနွေးခဲ့ကြပါတယ်။ တာ့ခရိုင်မဲဆောက်မြို့မှာ တနင်္ဂနွေနေ့က တွေ့ဆုံရာမှာ မြန်မာနိုင်ငံက စစ်ပွဲတွေကြောင့် တိမ်းရှောင်လာသူတွေကို အကူအညီပေးဖို့ တင်ပြခဲ့ကြတယ်လို့လည်း မြန်မာအရပ်ဖက် အဖွဲ့အစည်း တက်ရောက်သူတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာ တင်ပြထားပါတယ်။

ထိုင်းလုံခြုံရေးကော်မရှင် နယ်စပ်ရေးရာဌာန ဥက္ကဋ္ဌ၊ ထိုင်းအောက်လွှတ်တော်အမတ်တွေက ထိုင်း-မြန်မာနယ်စပ်အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းတချို့ နဲ့ စစ်ဘေးရှောင်ကိစ္စတွေကို မေလ ၁၂ ရက်နေ့က တာ့ခရိုင်မဲဆောက်မြို့မှာဆွေးနွေးခဲ့ကြပါတယ်။

ထိုင်းလုံခြုံရေးကော်မရှင် နယ်စပ်ရေးရာဌာန ဥက္ကဋ္ဌနဲ့ ထိုင်းအောက်လွှတ်တော်အမတ်တွေက ထိုင်းမြန်မာနယ်စပ်က ကုန်သွယ်ရေး လုံခြုံရေးနဲ့ တရားမဝင် အွန်လိုင်းလောင်းကစားလုပ်ငန်းတွေ စစ်ဘေးရှောင်ဒုက္ခသည်ကိစ္စတွေကို အဓိက ဆွေးနွေးခဲ့ရာမှာ အဲဒီဆွေးနွေးပွဲမှာ သတင်းအချက်အလက်ရယူနိုင်ဖို့ အရပ်ဖက် မြန်မာအဖွဲ့အစည်းတချို့ကိုလည်း ဖိတ်ကြားခဲ့ပါတယ်။ ဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့အဝေးရောက် ဧရာ၀တီအသင်း အတွင်းရေးမူး ကိုဖိုးသင်္ကြန်ကတော့ သောင်ရင်းမြစ်တလျောက်၂နှစ်ကျော်ကြာစစ်ဘေးရှောင်နေရတဲ့ပြည်သူတွေရဲ့အခက်အခဲတွေကိုတင်ပြခဲ့တယ်လို့လည်း အခုလိုပြောပြပါတယ်။

"ဟိုဘက်ကမ်းရေပူတို့ လော့ကော်တို့ သေဘောဘိုးတို့စတဲ့သောင်ရင်းမြစ်နဘေးမှာရှိတဲ့စစ်ဘေးရှောင်တွေ နေရာတွေကို စာနပ်ရိက္ခာတွေပေးတဲ့အခါမှာပိုမိုလွယ်ကူစေဖို့ဖြေလျော့မူတွေပေးဖို့ ခွင့်ပြုမူတွေပေးဖို့တောင်းဆိုတယ်။ ဒီလူတွေကသောင်ရင်းမြစ်ဘေးမှာပဲနေရတယ် ထိုင်းဘက်ကမ်းကပြည်သူတွေကလည်း သောင်းရင်းမြစ်ဘေးမှာနေရတယ် တိုက်ပဲွဖြစ်တဲ့အခါလေယာဉ်နဲ့ပစ်တဲ့အခါမှာ Air Strike လုပ်တာ ဗုံးကြဲတာတို့ လက်နက်ကြီးနဲ့ပစ်တဲ့အခါမှာ နယ်စပ်မျဉ်းနဲ့ အကွာအဝေး တခုသတ်မှတ်ဖို့လုပ်ကြဖို့ကို ထိုင်းလွတ်တော်ကနေ တောင်းဆိုပေးဖို့တွေပြောကြတယ်။"

ကရင်အရပ်ဖက်အဖွဲ့အစည်းတချို့ကတော့ ထိုင်းနိုင်ငံအတွင်းမှာရှိနေတဲ့ဒုက္ခသည်စခန်းတွေက ဒုက္ခသည်တွေ ရဲ့အခက်အခဲတွေလည်းတင်ပြခဲ့ပါတယ်။ အရပ်ဖက်အဖွဲ့အစည်းတွေက ထိုင်းမြန်မာနယ်စပ်က စစ်ဘေးရှောင်တွေကိစ္စတွေကို ဆွေနွေးတင်ပြခွင့်ရခဲ့ပါတယ်။ လတ်တလောမှာတော့ နယ်စပ်ကိုထွက်ပြေးလာတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုံခြုံရေး နဲ့အလုပ်အကိုင်အခက်အခဲတွေလည်းဖြစ်ပေါ်နေတာပါ ၊ဒီအတွက် လူစွမ်းအားအရင်းအမြစ်တွေကိုကောင်းမွန်စွာအသုံချနိုင်ဖို့အတွက် ထိုင်းနိုင်ငံဘက်ကပဲ ထုတ်တဲ့ အလုပ်လုပ်ခွင့်လက်မှတ်တွေကိုပြန်လည်ထုတ်ပေးဖို့ကိုလည်းတောင်းဆိုခဲ့တယ်လို့ဆိုပါတယ်။

"နောက်တခုကတော့ မဲဆောက်မှာရောက်နေတဲ့အုပ်စုတွေက အရင်ရောက်နေတဲ့ ရွှေပြောင်းအလုပ်သမားတွေနဲ့လည်းကွာတယ် အခုကတော့ ပညာတတ်တွေပါတယ် အဲဒီအတွက်ထိုင်းနိုင်ငံမှာလည်းအကျိုးရှိနိုင်တယ် အဲဒီအတွက် ထော်လော(၃၈) ထိုင်းနိုင်ငံဘက်က အထောက်အထားကဒ်ပြားတွေလုပ်ပေးဖို့အတွက်တောင်းဆိုပါတယ် လို့အဲဒါကိုပြောခဲ့ပါတယ်။"

ကရင်လူမျိုး ထိုင်းလွတ်တော်ကိုယ်စားလှယ်တဦးကတော့ တက်ရောက်လာတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကို ကရင်ဘာသာစကားနဲ့ အားပေးစကားပြောခဲ့ပြီး အခုမြန်မာနိုင်ငံမှာ အခက်အခဲမျိုးစုံရှိတာကို သိရှိကြောင်း ထောက်ပံ့မှု အကူအညီနဲ့ ပတ်သက်ပြီး အပြန်အလှန်ကူညီသွားကြဖို့ဆိုတာနဲ့ ကျန်းကျန်းမာမာနဲ့ နေထိုင်သွားနိုင်ဖို့ နည်းလမ်းတွေကို ကြိုးပမ်းရှာဖွေကြပါ လို့ ပြောသွားခဲ့ပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ ပြီးခဲ့တဲ့မတ်လအတွင်းက မြန်မာစစ်ဘေးဒုက္ခသည်လူဦးရေနှစ်သောင်းအတွက် စားနပ်ရိက္ခာအကူအညီများကို မြန်မာကြက်ခြေနီအသင်းနဲ့ကရင်ပြည်နယ်အခြေစိုက် အရပ်ဖက်အဖွဲ့အကူအညီနဲ့ ထောက်ပံ့ပေးဝေမှုများပြုလုပ်ခဲ့ပါတယ်။မကြာသေးခင်က တိုက်ပွဲတွေပြင်းထန်ခဲ့ချိန်တုန်းက မြ၀တီစစ်ဘေးရှောင်တွေကို ယာယီစစ်ဘေးရှောင်နေရာတွေ မှာထားပြီး ကူညီပေးခဲ့တာတွေရှိပါတယ်ရှင်။

Forum

XS
SM
MD
LG