သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ယူကရိန်းကို ရုတ်တရက်သွားရောက်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ ယူကရိန်းသမ္မတ Volodymyr Zelenskiy တို့အတူတွေ့ရစဉ် (မေ ၁၄၊ ၂၀၂၄)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ ယူကရိန်းသမ္မတ Volodymyr Zelenskiy တို့အတူတွေ့ရစဉ် (မေ ၁၄၊ ၂၀၂၄)

အမေရိကန်က ပို့ပေးမယ့် လက်နက်အသစ်တွေဟာ ယူကရိန်းရဲ့ ရှေ့တန်းစစ်မျက်နှာအတွက် အများကြီးအထောက်အကူပြုစေမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ဒီကနေ့ မေလ ၁၄ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

“အခုချိန်ဟာ (ယူကရိန်းအတွက်) ခက်ခဲတဲ့ကာလဖြစ်တယ်ဆိုတာ ကျနော်တို့ နားလည်ပါတယ်၊ ဒါပေမယ့် ရေတိုကာလအတွက် အကူအညီတွေ ‌ရောက်လာတော့မယ်ဆိုတာကိုလည်း ကျနော်တို့ သိပါတယ်၊ တချို့လည်း ရောက်ပြီးနေပါပြီ၊ နောက်ထပ် အကူအညီတွေ ထပ်ရောက်လာဦးမှာပါ။ ဒီအကူအညီတွေက ရုရှားရဲ့ ကျူးကျော်စစ်အတွက် ရှေ့တန်းမှာ တိုက်ပွဲဝင်နေသူတွေကို အထောက်အကူ ဖြစ်စေမှာပါ။ ယူကရိန်းဘက်က စစ်ပွဲတွေမှာ အနိုင်ရရေးအတွက် မဟာမိတ်တွေနဲ့အတူ ဆက်လက် ကူညီပေးသွားဖို့ ကျနော်တို့ သန္နိဋ္ဌာန်ချထားပြီးဖြစ်ပါတယ်”

အမေရိကန်က ယူကရိန်းကို လက်နက်တွေ ကူညီထောက်ပံ့ပေးဖို့ နှောင့်နှေး ကြန့်ကြာမှုတွေရှိခဲ့တာကြောင့် ယူကရိန်းတပ်ဖွဲ့တွေ ရှေ့တန်းမှာ အခက်ကြုံနေရချိန် ကြိုတင် အကြောင်းကြားခြင်း မရှိဘဲ ယူကရိန်းကို ရောက်ရှိလာတဲ့ ဝန်ကြီး Blinken က အခုလို ပြောကြားသွားတာပါ။

ယူကရိန်းကို အကူအညီပေးမယ့် အစီအစဉ်ကို အစောပိုင်းမှာ အမေရိကန်က ရီပတ်ဘလီကန်ပါတီဝင်တွေက ကန့်ကွက်နေတာကြောင့် နှောင့်နှေး ကြန့်ကြာမှုတွေ ရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ ဧပြီလမှာ လွှတ်တော် နှစ်ရပ်စလုံးကမဲခွဲဆုံးဖြတ်ပြီး သမ္မတ Joe Biden က လက်မှတ်ထိုး အတည်ပြုပေးလိုက်တာကြောင့် အခုချိန်မှာ ယူကရိန်းကို အမေရိကန်ရဲ့ စစ်ရေးအကူအညီတွေ စရောက်လာနေပြီဖြစ်ပါတယ်။

အမေရိကန်ရဲ့ ဒီအကူအညီတွေဟာ အင်မတန် အရေးပါကြောင်းနဲ့ ကူညီပေးဖို့ အဆုံးအဖြတ်ပေးခဲ့တဲ့ အမေရိကန်လွှတ်တော် နှစ်ရပ်စလုံးကို ကျေးဇူးတင်ကြောင်း ဝန်ကြီး Blinken နဲ့ တွေ့ဆုံစဉ် ယူကရိန်းသမ္မတ Volodymyr Zelenskiy က ပြောကြားခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ယူကရိန်းကို ရုတ်တရက်သွားရောက်
please wait

No media source currently available

0:00 0:01:25 0:00
တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG