သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယာယီဆိပ်ခံတံတားကနေ ဂါဇာကို အကူအညီတွေ စတင်ပို့ဆောင်


အမေရိကန်စစ်တပ်က တည်ဆောက်ပေးထားတဲ့ ယာယီဆိပ်ခံတံတားဆီ ချဉ်းကပ်လာနေတဲ့ သင်္ဘောတစီးကိုမြင်ရစဉ် (မေ ၁၆၊ ၂၀၂၄)
အမေရိကန်စစ်တပ်က တည်ဆောက်ပေးထားတဲ့ ယာယီဆိပ်ခံတံတားဆီ ချဉ်းကပ်လာနေတဲ့ သင်္ဘောတစီးကိုမြင်ရစဉ် (မေ ၁၆၊ ၂၀၂၄)

ဂါဇာကမ်းလွန်မှာ အမေရိကန်စစ်တပ် ဆောက်ပေးထားတဲ့ ယာယီဆိပ်ခံတံတားကနေ ဂါဇာဒေသအတွက် အလွန်အမင်းလိုနေတဲ့ အကူအညီတွေကို ဒီနေ့မှာ ပထမဆုံး သယ်ယူ ပို့ဆောင်နိုင်ခဲ့ပါတယ်။ ရေကြောင်းကနေ ရောက်လာတဲ့ အကူအညီတွေကို တနေ့ကို ကုန်တင်ကား ၁၅၀ လောက်အထိ ယာယီဆိပ်ကမ်းကတဆင့် သယ်ယူပို့ဆောင်ပေးနိုင်လိမ့်မယ်လို့ အမေရိကန်စစ်တပ်က ခန့်မှန်းထားပါတယ်။

ယာယီဆိပ်ကမ်းကနေ အကူအညီတွေ ပို့ဆောင်တဲ့ လမ်းကြောင်းဟာ ဂါဇာမှာ လိုအပ်နေတဲ့ အစားအသောက်၊ ရေနဲ့ လောင်စာတွေကို ကုန်းကြောင်းကနေ ပို့ပေးတဲ့ အစားထိုးလမ်းကြောင်းအဖြစ် သတ်မှတ်လို့ မရဘူးလို့ အမေရိကန်နဲ့ အကူအညီပေးနေတဲ့ အဖွဲ့တွေက ပြောပါတယ်။ ဂါဇာထဲကို တခြားလမ်းကြောင်းတွေကနေလည်း အကူအညီတွေ ပို့ပေးနိုင်အောင် လမ်းဖွင့်ပေးဖို့ တိုက်တွန်းနေကြတာပါ။

ယာယီဆိပ်ခံတံတားကတဆင့် ပို့ဆောင်တဲ့ အကူအညီတွေကို ဒီနေ့ မနက် ၉ နာရီမှာ ပထမဆုံး ဂါဇာထဲရောက်အောင် ပို့ဆောင်ပေးနိုင်ခဲ့တယ်လို့ အရှေ့အလယ်ပိုင်းဆိုင်ရာ အမေရိကန်စစ်တပ် ကွပ်ကဲရေးဌာနက ဒီနေ့ သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။

ဂါဇာဒေကို အကူအညီတွေပို့နိုင်ရေး အမေရိကန်စစ်တပ်က တည်ဆောက်ပေးထားတဲ့ ယာယီဆိပ်ခံတံတားကို အပေါ်စီးမှ မြင်ရပုံ (မေ ၁၆၊ ၂၀၂၄)
ဂါဇာဒေကို အကူအညီတွေပို့နိုင်ရေး အမေရိကန်စစ်တပ်က တည်ဆောက်ပေးထားတဲ့ ယာယီဆိပ်ခံတံတားကို အပေါ်စီးမှ မြင်ရပုံ (မေ ၁၆၊ ၂၀၂၄)

တချိန်ထဲမှာပဲ ဂါဇာဒေသထဲမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။ ဂါဇာတောင်ပိုင်းက Rafah မြို့အပေါ် အစ္စရေး စစ်တပ် ထိုးစစ်မဆင်ဖို့ အနောက်နိုင်ငံ ၁၃ နိုင်ငံက ဒီနေ့ ပန်ကြားလိုက်ပါတယ်။ ဂါဇာဒေသထဲက အရပ်သားတွေအတွက် ကြီးမားတဲ့ ဆိုးကျိုးတွေဖြစ်လာနိုင်တာမို့ အပြည့်အဝ ထိုးစစ်ဆင်မဲ့ အစီအစဉ်အပေါ် ကန့်ကွက်တယ်လို့ ဩစတြေးလျ၊ ဗြိတိန်၊ ကနေဒါ၊ ဂျပန်၊ နယူးဇီလန်၊ တောင်ကိုရီးယားနဲ့ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေဖြစ်ကြတဲ့ ဒိန်းမတ်၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်နဲ့ ဆွီဒင် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေက အစ္စရေးနိုင်ငံခြားရေးဝန်ကြီးကို လူသိရှင်ကြား ပန်ကြားတောင်းဆို လိုက်တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG