သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာအရပ်သားတွေဆီ အကူအညီပေးဖို့ ခက်ခဲနေ


ဂါဇာကိုပို့မယ့် စားနပ်ရိက္ခာ လူသားစာနာမှုအကူအညီများ။ (ဧပြီ ၂၆၊ ၂၀၂၄)
ဂါဇာကိုပို့မယ့် စားနပ်ရိက္ခာ လူသားစာနာမှုအကူအညီများ။ (ဧပြီ ၂၆၊ ၂၀၂၄)

အစ္စရေးအဆို ရာဖာမြို့ အကန့်အသတ်နဲ့ထိုးစစ်ကြောင့် နေရပ်ရွှေ့ပြောင်းခဲ့ရတဲ့ ထောင်သောင်းချီတဲ့ ပါလက်စတိုင်းသားတွေဆီ စားနပ်ရိက္ခာနဲ့ အခြားအခြေခံလိုအပ်ချက်တွေ ပေးပို့ဖို့ ခက်ခဲနေတယ်လို့ အေပီသတင်းမှာဖော်ပြပါတယ်။

ဂါဇာဒေသတောင်ပိုင်း ရာဖာမြို့အနီးက အဓိကလမ်းဆုံနှစ်ခုကိုလည်း ပိတ်ထားတာ သီတင်းတပတ်ကျော်လာပါပြီ။ ပြီးခဲ့တဲ့တပတ်အတွင်း နေရပ်ရွှေ့ပြောင်းရတဲ့ ပါလက်စတိုင်းပြည်သူ ၃ သိန်း ၆ သောင်းရှိတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ စစ်ဆင်ရေးမစခင်က ရာဖာမြို့မှာ ခိုလှုံနေတဲ့ပါလက်စတိုင်းသား ၁ .၃ သန်းလောက်ရှိပါတယ်။ အများစုက တိုက်ပွဲတွေနဲ့ဝေးရာ တခြားနေရာတွေဆီ တိမ်းရှောင်သွားပြီးကြပါပြီ။

ရှင်းလင်းပြီးနယ်မြေအဖြစ် အစ္စရေးတို့ကပြောဆိုထားတဲ့ ဂါဇာဒေသထဲက အပျက်စီးဆုံးနေရာတွေမှာ ဟာမတ်စ်တို့ပြန်ပြီး စုဖွဲ့နေပေမဲ့ ရာဖာမြို့ကို ဟာမတ်စ်တို့ရဲ့ နောက်ဆုံးအမာခံနယ်မြေအဖြစ် အစ္စရေးတို့က ပုံဖော်ပြောဆိုနေတာဖြစ်ပါတယ်။

ရာဖာကို ထိုးစစ်ဆင်တိုက်ခိုက်ရင် အရပ်သားတွေအတွက် ကြီးမားတဲ့ဘေးဒုက္ခတွေပေါ်ပေါက်လာမယ်လို့ အမေရိကန်နဲ့မဟာမိတ်နိုင်ငံတို့က သတိပေးနေတဲ့ကြားမှာပဲ အစ္စရေးက ဟာမတ်စ်ရဲ့နောက်ဆုံးအမာခံနယ်မြေဆိုပြီး စစ်ဆင်ရေးတွေ ဆက်လုပ်နေတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG