သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရာဖာမြို့စစ်ဆင်ရေးရပ်ဖို့ အစ္စရေးကို EU တိုက်တွန်း 


EU နိုင်ငံခြားရေးရာမူဝါဒအကြီးအကဲ Josep Borrell
EU နိုင်ငံခြားရေးရာမူဝါဒအကြီးအကဲ Josep Borrell

ဂါဇာတောင်ပိုင်း ရာဖာမြို့စစ်ဆင်ရေးကို ချက်ချင်းရပ်ဖို့ ဥရောပသမဂ္ဂ အီးယူက အစ္စရေးကို ဗုဒ္ဓဟူးနေ့က တောင်းဆိုလိုက်ပါတယ်။ ဒီစစ်ဆင်ရေးကြောင့် လူသားချင်းစာနာထောက်ထားမှု ဆောင်ရွက်ချက်တွေ ပျက်ပြားရပြီး လူတွေ ပိုလို့ ရွှေ့ပြောင်းနေထိုင်ရ၊ ငတ်မွတ်ခေါင်းပါး၊ ဒုက္ခတွေ ကြုုံတွေ့ကြရတယ်လို့လည်း အီးယူကပြောပါတယ်။

အစ္စရေးမှာ ကိုယ့်ကိုယ်ကိုယ် ခုခံပိုင်ခွင့် ရှိပေမဲ့ နိုင်ငံတကာဥပဒေတွေကိုလိုက်နာပြီး အရပ်သားတွေကို ကာကွယ်ရပါမယ်လို့ အီးယူ နိုင်ငံခြားရေးရာ မူဝါဒအကြီးအကဲ Josep Borrell ရဲ့ ကြေညာချက်မှာ ပြောပါတယ်။ အစ္စရေးက ဂါဇာစစ်ဆင်ရေးကို ဆက်လက်ဆင်နွှဲမယ်ဆိုရင် အီးယူနဲ့အစ္စရေးဆက်ဆံရေးအပေါ် ထိခိုက်လိမ့်မယ်လို့လည်း မစ္စတာ ဘိုရဲလ်က ဆိုပါတယ်။တဆက်တည်းမှာပဲ ဖမ်းဆီးထားတဲ့ ဓားစာခံတွေကိုလွှတ်ပေးဖို့ ဟာမတ်စ်ကို အီးယူက တောင်းဆိုလိုက်ပါတယ်။

လွန်ခဲ့တဲ့ရက်အတွင်း ဂါဇာကမ်းမြှောင်တခုလုံးမှာ အကြမ်းအားဖြင့် ပစ်မှတ် ၈၀ ကို လေကြောင်းကတိုက်ခိုက်ခဲ့ပြီး ရာဖာအရှေ့ဘက်ပိုင်းကိုတော့ မြေပြင်တပ်တွေက တိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ဗုဒ္ဓဟူးနေ့က ပြောပါတယ်။ ဂါဇာ‌မြောက်ပိုင်း နေရာအတော်များများမှာလည်း ဟာမတ်စ်တပ်တွေနဲ့ အစ္စရေးတပ်တွေ တိုက်နေကြပါတယ်။ ဂါဇာမှာ ဒီလို စစ်ရေးအခြေအနေတွေကြောင့် တုန်လှုပ်ခြောက်ခြားရတယ်လို့ ကုလ အတွင်းရေးမှူးချုပ် အင်တိုနီယို ဂူတားရက်စ်က အင်္ဂါနေ့က ပြောပါတယ်။

ရာဖာမြို့စစ်ဆင်ရေးရပ်ဖို့ အစ္စရေးကို EU တိုက်တွန်း
please wait

No media source currently available

0:00 0:00:57 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG