သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးကို လက်နက်တင်ပို့မှုရပ်ဖို့ EU နိုင်ငံခြားရေးမူဝါဒအကြီးအကဲ တိုက်တွန်း


ဥရောသမဂ္ဂနိုင်ငံခြားရေး မူဝါဒအကြီးအကဲ Josep Borrell
ဥရောသမဂ္ဂနိုင်ငံခြားရေး မူဝါဒအကြီးအကဲ Josep Borrell

ဂါဇာမှာ လူအမြောက်အများအသတ်ခံနေရချိန်မှာ အစ္စရေးကို လက်နက်ပို့တာရပ်ကြဖို့ ဥရောသမဂ္ဂနိုင်ငံခြားရေး မူဝါဒအကြီးအကဲ Josep Borrell က အစ္စရေးရဲ့မဟာမိတ်တွေ အဓိကအားဖြင့် အမေရိကန်ပြည်ထောင်စုကို တိုက်တွန်းလိုက်ပါတယ်။

အစ္စရေးရဲ့စစ်ဆင်ရေးက အတော်ကိုလွန်သွားပြီလို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က အရင်အပတ်ကပြောခဲ့တာကို မစ္စတာဘိုရဲလ်က ညွှန်းဆိုတိုက်တွန်းလိုက်တာပါ။ ကုလသမဂ္ဂ ပါလက်စတိုင်းဒုက္ခသည်များ ကူညီရေးဌာန UNRWA အကြီးအကဲ ဖိလစ်ပ် လာဇာရီနီ (Philippe Lazzarini) နဲ့အတူ ဘရပ်ဆဲမြို့မှာ တနင်္လာနေ့က သတင်းစာရှင်းလင်းပွဲအတွင်း ခုလို ပြောခဲ့တာဖြစ်ပါတယ်။ အောက်ဆိုဘာ ၇ ရက် အစ္စရေးကို ဟာမတ်စ်က တိုက်ခိုက်ရာမှာ UNRWA ဝန်ထမ်း ၁၂ ယောက်ပါဝင်ခဲ့တယ်လို့ အစ္စရေးက စွပ်စွဲထားပြီး သူ့ကို ရာထူးကနုတ်ထွက်ဖို့ တောင်းဆိုထားပေမဲ့ အငြိမ်းစားယူဖို့ ရည်ရွယ်ချက်မရှိဘူးလို့ ဖိလစ်ပ် လာဇာရီနီ က ပြောပါတယ်။

အဆိုပါစွပ်စွဲချက်နဲ့ပတ်သက်လို့ ကုလသမဂ္ဂဝန်ထမ်းတချို့ကို အလုပ်ဖြုတ်လိုက်ပြီး စုံစမ်းစစ်ဆေးနေပါတယ်။ UNRWA အဆောက်အဦရဲ့အောက်မှာ ဟာမတ်စ်ရဲ့ မြေအောက်လှိုဏ်ခေါင်းတွေ့တာနဲ့ပတ်သက်လို့ ဒီ ပဋိပက္ခပြီးသွားတဲ့အခါ စုံစမ်းစစ်ဆေးမယ်လို့ မစ္စတာ လာဇာရီနီက ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG