သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာမှာ အစ္စရေး ဆက်လက်တိုက်ခိုက်နေဆဲ


အစ္စရေး−ဂါဇာ နယ်စပ်အနီး မြင်ရတဲ့ အစ္စရေးတင့်ကားနဲ့ စစ်သား။
အစ္စရေး−ဂါဇာ နယ်စပ်အနီး မြင်ရတဲ့ အစ္စရေးတင့်ကားနဲ့ စစ်သား။

ဟားမတ်စ်တွေဝင် ရောက်တိုက်ခိုက်ပြီးနောက် အစ္စရေးရဲ့ ၇ လကြာ လက်တုံ့ပြန် တိုက်ခိုက်မှုကြောင့် အမျိုးသမီးနဲ့ကလေးငယ်တွေ အပါအဝင် ဂါဇာဒေသတွင်း သေဆုံးသူအရေအတွက်ဟာ ၃၅,၀၀၀ ကျော် သွားပြီလို့ ဂါဇာကျန်းမာရေးဌာန တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။ အစ္စရေးဓါးစာခံ၁၀၀ ကျော်လောက်ကို ဆက်လက် ဖမ်းဆီးထားဆဲလို့ ဆိုပါတယ်။

အမေရိကန် အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းနေပေမယ့်လည်း အစ္စရေးဟာ ဂါဇာမြောက်ပိုင်းမှာ ဆက်လက် ထိုးစစ်ဆင်နေပြီး သောကြာနေ့တုန်းက မီးခိုးလုံးကြီးတွေ ကောင်းကင်ယံကို တက်လာခဲ့ပါတယ်။

အောက်တိုဘာ ၇ ရက် ဟားမတ်စ်တွေ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် ဖမ်းဆီးခံထားရတဲ့ ဓါးစာခံတွေထဲကသေဆုံးသွားသူ ၃ ဦးရဲ့ ရုပ်အလောင်းတွေကို ရှာဖွေရရှိခဲ့တယ်လို့လည်း အစ္စရေးဘက်က ထုတ်ပြန်ပါတယ်။

ဟားမတ်စ်တွေဝင် ရောက်တိုက်ခိုက်ပြီးနောက် အစ္စရေးရဲ့ ၇ လကြာ လက်တုံ့ပြန် တိုက်ခိုက်မှုကြောင့် အမျိုးသမီးနဲ့ကလေးငယ်တွေ အပါအဝင် ဂါဇာဒေသတွင်း သေဆုံးသူအရေအတွက်ဟာ ၃၅,၀၀၀ ကျော် သွားပြီလို့ ဂါဇာကျန်းမာရေးဌာန တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။

အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုအတွင်း အစ္စရေးဓါးစာခံ ၂၅၀ လောက်ကို ဟားမတ်စ်တွေက ဖမ်းဆီးခဲ့ပြီး၊ ၁၀၀ ကျော်လောက်ကို ဆက်လက် ဖမ်းဆီးထားဆဲလို့ ဆိုပါတယ်။

ဂါဇာဒေသက စစ်ဘေးဒုက္ခသည်တွေအတွက် အလွန်လိုအပ်နေတဲ့ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေအပါအဝင် အကူအညီ အထောက်ပံ့တွေ တင်ဆောင်ထားတဲ့ ကားတွေဟာ အသစ်တည်ဆောက်ထားတဲ့ ဆိပ်ခံတွေပေါ်ကနေ ပထမဆုံး အကြိမ် ဝင်ရောက်သွားပြီလို့ သောကြာနေ့တုန်းက အိမ်ဖြူတော်အမျိုးသားလုံခြုံရေးကောင်စီ ဆက်သွယ်ရေးအကြီး အကဲ ဂျွန်ကာဘီ John Kirby ကပြောဆိုပါတယ်။

နယ်စပ်ဖြတ်ကျော် အကူအညီပေးရေးတွေကို အစ္စရေးက တင်းကြပ်ထားတာအပြင် တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် အခုလို ရေကြောင်းကနေ ပေးပို့ခဲ့တာဖြစ်ပြီး၊ သောကြာနေ့က ရောက်ရှိတာဟာ ပထမဆုံးအခေါက်ဖြစ်ပြီး နောက်ထပ် တနေ့ကို ကုန်တင်ကား အစီး ၁၅၀ လောက်အထိ ပေးပို့စီစဉ်ထားတယ်လို့ အမေရိကန်တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG