သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်ဝမ်သမ္မတသစ် ကျမ်းသစ္စာ ကျိန်ဆို


ထိုင်ဝမ် သမ္မတသစ် Lai Ching-te ကျမ်းသစ္စာကျိန်ဆိုနေစဉ် (မေ ၂၀၊ ၂၀၂၄)
ထိုင်ဝမ် သမ္မတသစ် Lai Ching-te ကျမ်းသစ္စာကျိန်ဆိုနေစဉ် (မေ ၂၀၊ ၂၀၂၄)

ထိုင်ဝမ်ပြည်သူတွေရဲ့ ရွေးချယ်ခွင့်ကို အသိအမှတ်ပြုဖို့နဲ့ စစ်ရေး၊ နိုင်ငံရေးခြိမ်းခြောက်မှုတွေကို ရပ်တန့်ဖို့ ထိုင်ဝမ် သမ္မတ Lai Ching-te က ဒီကနေ့ တနင်္လာနေ့ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားမှာ တရုတ်နိုင်ငံကို တောင်းဆိုလိုက်ပါတယ်။

တရုတ်နိုင်ငံအနေနဲ့ ထိုင်ဝမ်ကို နိုင်ငံရေးအရရော စစ်ရေးအရပါ ခြိမ်းခြောက်နေတာတွေကို ရပ်တန့်ဖို့နဲ့ ထိုင်ဝမ်ရေလက်ကြားနဲ့ ဒေသတွင်း ငြိမ်းချမ်းရေးပူးပေါင်းတည်ဆောက်ဖို့ တရုတ်နိုင်ငံကို တိုက်တွန်းလိုပါတယ်လို့ သမ္မတ အသစ် Lai Ching-te က ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားမိန့်ခွန်းမှာ ပြောဆိုပါတယ်။

ထိုင်ဝမ်အနေနဲ့ ငြိမ်းချမ်းရေးသာ တခုထဲသော ရွေးချယ်စရာဖြစ်တယ်လို့လည်း သမ္မတ Lai ကပြောဆိုပါတယ်။ သူ့အစိုးရအနေနဲ့ ထိုင်ဝမ်ရဲ့ ဒီမိုကရေစီအင်အားကို အခြေခံပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနဲ့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတွေကို ခိုင်မာအောင်လုပ်ဆောင်သွားမယ်လို့လည်း ကတိပြုပြောဆိုပါတယ်။

သမ္မတသစ် Lai ရဲ့ တရုတ်နိုင်ငံနဲ့ ပတ်သက်တဲ့ ရပ်တည်ချက်ကို ထိုင်ဝမ်ပြည်သူတွေက ထောက်ခံကြိုဆိုကြပေမဲ့ တရုတ်ကတော့ သမ္မတ Lai ကို ခွဲထွက်ရေးသမားအဖြစ် သုံးနှုန်းပြောဆိုနေတာပါ။ ထိုင်ဝမ်ကို သူ့အုပ်ချုပ်မှုတစိတ်တပိုင်းအဖြစ်လက်ခံထားတဲ့ တရုတ်က သမ္မတ Lai ရွေးကောက်ပွဲမှာ အနိုင်ရပြီးကတည်းက ထိုင်ဝမ်ကျွန်းတဝိုက် ပုံမှန် စစ်ရေးလေ့ကျင့်မှုတွေ ဆက်တိုက် လုပ်နေခဲ့တာပါ။ တနင်္လာနေ့ ကျမ်းသစ္စာကျိန်ဆိုပွဲမှာ သမ္မတ Lai ရဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး ထိုင်ဝမ်အနေနဲ့ လွတ်လပ်ရေးနဲ့ ခွဲထွက်ရေးကြိုးပမ်းမှုတွေက ဘယ်တော့မှအောင်မြင်လာမှာ မဟုတ်ကြောင်းလည်း တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရ Wang Wenbin က တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

ထိုင်ဝမ်သမ္မတသစ် ကျမ်းသစ္စာ ကျိန်ဆို
please wait

No media source currently available

0:00 0:01:11 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG