သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ် စစ်ပွဲတွေကြား အရပ်သားတွေ ထိခိုက်မှု ကုလစိုးရိမ်


ရခိုင်တိုက်ပွဲတွေကြောင့် ဒေသခံတွေ ဘေးလွတ်ရာထွက်ပြေးနေရ (နိုဝင်ဘာ၊ ၂၀၂၃)
ရခိုင်တိုက်ပွဲတွေကြောင့် ဒေသခံတွေ ဘေးလွတ်ရာထွက်ပြေးနေရ (နိုဝင်ဘာ၊ ၂၀၂၃)

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း လက်နက်ကိုင် တိုက်ပွဲတွေ ပြင်းထန်နေချိန်အရပ်သားတွေ ထိခိုက်ဒဏ်ရာရပြီး အိုးအိမ်တွေ ပျက်ဆီးဆုံးရှုံးရတဲ့ အကြမ်းဖက်မှုသတင်းတွေနဲ့ ပတ်သက်လို့ ထိတ်လန့်စိုးရိမ်မိသလို အခြေအနေကို စောင့်ကြည့်နေတဲ့အကြောင်း ကုလသမဂ္ဂက ပြောဆိုပါတယ်။

"စစ်တွေမြို့ပေါ်မှာလည်း စိုးရိမ်စရာအခြေအနေ ဆက်ပြီး ရှိနေပါတယ်။ အစားအသောက်တွေ မလုံလောက်တဲ့ သတင်းတွေ၊ သုံးဖို့ ငွေ မရှိတော့တောတာ၊ ကုန်ဈေးတွေ တက်နေတာတွေနဲ့၊ ရေရှားပါးပြီး ရောဂါတွေ ဖြစ်ပွားနေတာ၊ ပြည်နယ်တဝန်း လူသားချင်းစာနာမှု အကူအညီနဲ့ မရှိမဖြစ် အကူအညီပေးရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့မှာ အဟန့်အတား အနှောက်အယှက်တွေ ကြုံနေရပါတယ်" လို့ မနေ့က ကုလသမဂ္ဂဌာနချုပ် သတင်းစာရှင်းလင်းပွဲမှာ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stéphane Dujarric ပြောဆိုသွားတာပါ။

ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော် ခေါ် AA အဖွဲ့နဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာပဲ ဘူးသီးတောင်နဲ့ မောင်တော်မြို့နယ်တွေအတွင်း အရပ်သားတွေ အိုးမဲ့အိမ်မဲ့ နေအိမ်စွန့်ခွာနေတဲ့အကြောင်းနဲ့ နေအိမ်တွေ ဖျက်ဆီးခံရတဲ့ သတင်းတွေ ထွက်ပေါ်နေပြီး ဒီအ‌ခြေအနေတွေ အပေါ်မှာလည်း စိုးရိမ်တဲ့အကြောင်း ကုလသမဂ္ဂက ပြောဆိုပါတယ်။

တိုက်ပွဲတွေကြား ရိုဟင်ဂျာ မူဆလင်တွေရဲ့ နေအိမ်တွေ မီးရှို့ခံရတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေပြီး AA အာရက္ခတပ်တော် ကတော့ ဘူးသီးတောင်မြို့သိမ်း တိုက်ပွဲမှာ ဒေသခံ ရိုဟင်ဂျာတွေ တိုက်ခိုက်ခံရတာ မောင်းထုတ်ခံရတာတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ မဟုတ်မမှန်ဘူးလို့ ပြန်လည် ငြင်းဆန်ထားပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေး မဟာမင်းကြီး Volker Türk ကတော့ လူတွေ အစုလိုက် အသတ်ခံရတဲ့ အဖြစ်မျိုးတွေ တကျော့ပြန် ပြန်ပေါ်လာမှာ စိုးရိမ် ထိတ်လန့်မိတဲ့အကြောင်း ပြီးခဲ့တဲ့ရက်က ကြေညာချက် ထုတ်ပြန်ပါတယ်။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ တိုက်ပွဲတွေ ရပ်ဆိုင်းပြီး လူသားချင်းစာနာမှု အကူအညီတွေ အဟန့်အတားမရှိ ပေးနိုင်ရေး ခွင့်ပြုဖို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Filippo Grandi နဲ့အတူ ပူးတွဲ ကြေညာချက်ထုတ် တောင်းဆိုထားပါတယ်။

ရခိုင်ပြည်နယ် စစ်ပွဲတွေကြား အရပ်သားတွေ ထိခိုက်မှု ကုလစိုးရိမ်
please wait

No media source currently available

0:00 0:01:48 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG